လီဗာပူးလ်ကို (၅)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ မန်စီတီး နှစ်ပေါင်း (၈၀) အတွင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်

လီဗာပူးလ်ကို (၅)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ မန်စီတီး နှစ်ပေါင်း (၈၀) အတွင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်

ပြီးခဲ့တဲ့ စနေနေ့က မန်ချက်စတာစီးတီးက လီဗာပူးလ်ကို  (၅-ဝ)ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့တာဟာ မန်စီးတီးအသင်းအတွက် နှစ်ပေါင်း (၈၀)အတွင်း ပထမဆုံးအကြိမ်အဖြစ် (၅)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဂိုးတွေကိုတော့ မန်စီးတီးအသင်းမှ အဂူရို (၁)ဂိုး၊ ဂျီဆပ်စ် (၂)ဂိုး၊ ဆာနေးလ် (၂)ဂိုးတို့မှ သွင်းယူခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လီဗာပူးလ်အသင်းကို ၁၉၃၇ ခုနှစ်က (၅-၁)ဖြင့် အနိုင်ရရှိခဲ့တဲ့ နောက်ပိုင်း နှစ်ပေါင်း ၈၀ အထိ (၅)ဂိုး သို့မဟုတ် (၅)ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲမျှ မရှိခဲ့ပေ။

၎င်းပရီးမီးယားလိဂ်ပွဲစဉ် (၄)မှာ မန်စီးတီးဂိုးသမား အီဒါဆင်ရဲ့ မျက်နှာအား လီဗာပူးလ်တိုက်စစ်မှူး မာနေးက ကန်မိခဲ့တဲ့အတွက် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပါတယ်။

အခုပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြကာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ အဂူရိုဟာ သွင်းဂိုး ၁၂ ဂိုးဖြင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျောက် သွင်းဂိုးအများဆုံး ဥရောပပြင်ပ ကစားသမားဖြစ်လာပါတယ်။

ဒါ့အပြင် သူဟာ အိမ်ကွင်း အီတီဟတ်မှာ လီဗာပူးလ်နှင့် တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်း တစ်ဂိုးဆီ သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျောက် အိမ်ကွင်း (၆)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ (၄)ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly