သင့့်မှာ ​သွေးတိုးရှိ​နေရင်​ သင့်ကိုယ်သင်​ ဘယ်​လိုဂရုစိုက်​ရမလဲ

သင့့်မှာ ​သွေးတိုးရှိ​နေရင်​ သင့်ကိုယ်သင်​ ဘယ်​လိုဂရုစိုက်​ရမလဲ

ရေးသားသူ Kyaw Thura Htun

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

သင့်မှာ သွေးတိုးရှိနေရင် သင့်ကိုယ်သင် ဘယ်လိုဂရုစိုက်ရမလဲ

သင့်ရဲ့သွေးပေါင်ချိန်ကိုထိန်းဖို့နည်းလမ်း ၈ သွယ်ရှိပါတယ်။

  •     ဆားလျှော့စားပြီးကျန်းမာရေးနဲ့သင့်တော်တဲ့စားသောက်မှုှပုံစံပြောင်းပါ။
  •     လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
  •     ကိုယ်အလေးချိန်ကိုပုံမှန်ထိန်းထားပါ။
  •     စိတ်ဖိစီးမှုမဖြစ်အောင်အတတ်နိုင်ဆုံးရှောင်ပါ။
  •     ဆေးရွက်ကြီးမသောက်ပါနဲ့။
  •     ဆေးမှန်မှန်သောက်ပါ။
  •     အရက်ကိုလျှော့သောက်ပါ။
  •     ရေနွေးကန်ထဲမှာစိမ်ခြင်းသည် စိတ်ချရပါသည်။

နေထိုင်မှုပုံစံတိုးတက်ပြောင်းလဲဖို့ကလည်းအရေးကြီးပါတယ်။ ဒါကသင့်ရဲ့သွေးတိုးကိုဆေးသောက်စရာမလိုဘဲကျစေပါတယ်။ နေထိုင်မှုပုံစံပြောင်းလဲခြင်းက သွေးတိုးကိုကြိုတင်ကာကွယ်ဖို့အတွက်အရေးကြီးသလိုထိန်းချုပ်ဖို့အတွက်လည်းအရေးပါပါတယ်။ဒါကို နေထိုင်မှုစနစ်ကုသနည်းလို့စိတ်ထဲကမှတ်ယူပြီးစိတ်အားထက်သန်စွာလိုက်နာပါ။

တကယ်လိုသင့်မှာသွေးတိုးရှိနေပြီဆိုရင် (သို့) သွေးတိုးဖြစ်ပွားဖြစ်နိုင်ချေမြင့်စေသောအရာအချို ့ရှိနေလို့သွေးတိုးဖြစ်မှာစိုးရိမ်တယ်ဆိုရင် သင်သိထားရမှာတစ်ခုက သွေးတိုးဟာကုသမရပေမယ့်ထိန်း ချုပ်လို့ရတယ်ဆိုတာပါပဲ။

ကျန်းမာတဲ့ နေထိုင်မှုပုံစံကိုသင်ပြောင်းလဲလိုက်တဲ့အခါသင်ဟာ

  •     သွေးတိုးကျလာမယ်။
  •     သွေးတိုးမဖြစ်အောင်ကာကွယ်နိုင်မယ်။
  •     သင့်ရဲ့ သွေးကျဆေးအာနိသင်တွေကိုပိုပြီးထိရောက်စေမယ်။
  •     နှလုံး၊ကျောက်ကပ်နဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်နိုင်ချေနည်းလာမယ်။

သင်ဘယ်လိုလုပ်ရမလဲဆိုတော့

သွေးတိုးရှိနေတဲ့သူတွေရဲ့ ၂၀ရာခိုင်နှုန်းက သူတို့သွေးတိုးရှိနေမှန်း မသိကြပါဘူး။ ဒီလက္ခဏာမပြတဲ့သွေးတိုးက သူတို့ကိုနောက်ပိုင်းဆိုးရွားတဲ့ ကျန်းမာရေးပြသနာတွေနဲ့ကြုံလာစေနိုင်ပါတယ်။ သင်ကအဲဒီထဲကတစ်ယောက်လား။ သင့်မှာသွေးတိုးရှိမရှိမသိဘူးဆိုရင်တော့ ဆရာဝန်ဆီမှာ သွားရောက်စမ်းသပ်စစ်ဆေးပါ။

  •   သင့်ကုသမှုတွေ ပိုမိုထိရောက်ဖို့ သင်လုပ်သင့်တာလုပ်ပါ

သွေးတိုးမှာ ကျန်းမာရေးနဲ့သင့်တော်တဲ့နှုန်းဆိုတာမရှိပါဘူး။ ဒီရောဂါနဲ့ပတ်သက်ပြီး ပေါ့ပေါ့မတွေးပါနဲ့။ သင့်ရဲ့ဆရာဝန်နဲ့ ကုသနည်းတွေကိုဆွေးနွေးပြီး သွေးတိုးကိုထိန်းချုပ်ဖို့သင်လုပ်ရမယ့်အပိုင်းတွေကိုလည်း သေချာလုပ်ပါ။

  • သင့်ဘဝကိုပြောင်းလဲပြီး သွေးတိုးဖြစ်ပွားနိုင်ခြေမြင့်စေတဲ့အရာတွေကိုလျှော့ချပါ။

တကယ်လို့သင့်သွေးပေါင်ချိန်ကပုံမှန်ဆိုရင်တောင်(အပေါ်သွေး 120 mmHg အောက်၊ အောက်သွေး 80mmHg အောက်) သွေးတိုးဖြစ်မလာအောင်ကာကွယ်ရပါမယ်။နေထိုင်မှုပုံစံ ပြောင်းလဲခြင်းကကျန်းမာတဲ့ ဘဝကိုရစေနိုင်ပါတယ်။

နားနေချိန်တိုင်းသော သွေးပေါင်ချိန်သည် သွေးတိုးအကြိုအဆင့် (အပေါ်သွေး 120 နဲ့ 139 mmHg ကြား ၊ အောက်သွေး 80 နဲ့89 mmHg ကြား) တွင်းရောက်နေလျှင် သင့်ဆရာဝန်က နေထိုင်မှုပုံစံပြောင်းလဲခိုင်းပါလိမ့်မယ်။

  • ဆရာဝန်ပေးထားတဲ့ ဆေးနည်းအတိုင်းလိုက်နာပါ။

တကယ်လို့သင့်သွေးတိုးက 140/90 ဒါမှမဟုတ်အဲဒီထက်မြင့်နေမယ်ဆိုရင်သင့်ဆရာဝန်ကသင့်အတွက်ဆေးနည်းတွေပေးပြီး နေထိုင်မှုပုံစံ ပြောင်းလဲဖို့ပါ ပြောပါလိမ့်မယ်။ သင့်ဘဝတစ်လျှောက်လုံးနေ့တိုင်းဆေးတွေသောက်ခိုင်းမယ်ဆိုရင်တောင်ဆရာဝန်ရဲ့ညွှန်ကြားချက်ကိုလိုက်နာပါ။ သွေးတိုးရောဂါက ဘဝတစ်လျှောက်လုံးဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက်ဆရာဝန်နဲ့ပူးပေါင်းပါ။ ထိုနည်းအားဖြင့် ကုသမှုပန်းတိုင်ရောက်ရှိကာ ကျန်းမာသော ပျော်ရွှင်သော ဘဝကို ရပါစေ။

  •     သင့်အတွက်ကုသမှုကိုစီစဉ်ပြီးပြီဆိုတာနဲ့ သွေးတိုးကို ထိန်းဖို့ကလွယ်ကူသွားပါပြီ။ သင်သွေးတိုးကိုထိန်းချုပ်နေမှုကလေဖြစ်ခြင်း၊ နှလုံးရောဂါ ၊ သွေးကြော၊ ကျောက်ကပ်နဲ့သက်ဆိုင်တဲ့ရောဂါတွေပါ ကာကွယ်ပြီးသားဖြစ်တဲ့အပြင် လေဖြတ်ခြင်းကိုပါကာကွယ်ပေးတယ်ဆိုတာ ကိုယ့်ကိုယ်ကို သတိပေးပါ။ ဒီရောဂါတွေကနေလသေဆုံးမှုက သွေးတိုးထိန်းချုပ်မှုကြောင့်လျော့ပါးသွားခဲ့ပါပြီ။
  •     သွေးတိုးကိုထိန်းချုပ်ကုသခြင်းကတစ်ဘဝလုံးလုပ်ရမယ့်အလုပ်ပါ။ ဒါကြောင့်သင်ကိုယ်တိုင်အတွက်ရောသင်ချစ်သောသူများအတွက်ပါ ဒီအတိုင်း ပြုလုပ်ပါမယ်လို့ဒီနေ့ကစပြီးကတိတစ်ခုပြုပါ။ ဆရာဝန်ညွှန်ကြားတာတွေလည်း နားထောင်ပြီးကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်ပါ။

ဆောင်းပါးအား http://hellosayarwon.com မှ ကူးယူဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly