ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြည်ခိုင်ဖြိုးပါတီမှ နုတ်ထွက်

ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြည်ခိုင်ဖြိုးပါတီမှ နုတ်ထွက်

ရန်ကုန်၊ စက်တင်ဘာ ၁၀ ။         ။ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်အနေဖြင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) မှနုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ရုံးအဖွဲ့မှ တာဝန်ရှိသူ ဦးစိုင်းက မဇ္ဈိမသို့ အတည်ပြုပြောသည်။

စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီမှ နူတ်ထွက်သည်မှာဟုတ် မဟုတ်၊ မည်သည့် အတွက်ကြောင့် နူတ်ထွက်ခြင်းဖြစ်သည်ကို ဦးတီခွန်မြတ်၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်မေးမြန်းစဉ် ဦးစိုင်းက အတည်ပြုပြောကြားပေးခဲ့ခြင်းဖြစ်သည်။

“ဟုတ်ပါတယ်။ ပါတီကိစ္စတွေတော့ ကျွန်တော်မသိပါဘူး ” ဟု ၎င်းက ပြောသည်။

ဦးတီခွန်မြတ်သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက နုတ်ထွက်သွားခဲ့ခြင်းဖြစ်ပြီး ပါတီကလည်း နုတ်ထွက်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ခိုင်ဖြိုးပါတီမှနေ၍ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်၌ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသူလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags