ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ မူလလျာထားချက်အတိုင်း ရွေးကောက်ပွဲဝင်မည်

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ မူလလျာထားချက်အတိုင်း ရွေးကောက်ပွဲဝင်မည်

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ မူလလျာထားချက်အတိုင်း ရွေးကောက်ပွဲဝင်ရန် ရန်ကင်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုး ရန်ကုန်ရုံးတွင် သြဂုတ် ၁၃ရက် နေ့လည်က အစည်းအဝေးပြုလုပ်ခဲ့သည်ဟု တိုင်းအတွင်းရေးမှူး ဦးသာဝင်းက မဇ္ဈိမကိုပြောသည်။

"ဗဟိုကအပြောင်းအလဲတွေကို ရှင်းပြပြီး၊ အရင်သက်မှတ်ထားတဲ့အတိုင်း ရွေးကောက်ပွဲဝင်ဖို့နဲ့ ပါတီတာဝန်တွေကို ဆက်လုပ်ဖို့ အစည်းအဝေးလုပ်တာပါ၊ ရန်ကုန်မှာတော့ အပြောင်းအလဲမရှိပါဘူး" ဟု ၎င်းကဆိုသည်။

ပါတီဗဟိုအလုပ်အမှုအဆောင် (အထွေထွေအတွင်းရေးမှူး)မှ ဖြုတ်ချခံခဲ့ရသည် ဦးမောင်မောင်သိမ်းက ရန်ကုန်တိုင်း ခရမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်မည်ဖြစ်ပြီး၊ ဗဟိုအလုပ်အမှုဆောင် အဖြစ်အသစ် ပြန်လည် ပါရှိလာသည့် သူရသက်ဆွေ(ကာချုပ်-ရေ(ငြိမ်း))က ကိုကိုးကျွန်း၊ ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းက ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၉တို့မှ ဝင်ရောက်ကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly