စပါးအသင်းအတွက် ဟယ်ရီကိန်း ဂိုး ၁၀၀ ပြည့် သွင်းယူ

စပါးအသင်းအတွက် ဟယ်ရီကိန်း ဂိုး ၁၀၀ ပြည့် သွင်းယူ

စက်တင်ဘာ ၁၀၊ အင်္ဂလန် ။           ။ စပါးအသင်းက အဲဗာတန်အသင်းကို ဝ-၃ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းသည် စပါးအသင်းအတွက် ဂိုး ၁၀၀ မြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့သည်။

ထိုပွဲစဉ်တွင် ဟယ်ရီကိန်းက စပါးအတွက် သွင်းဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ပွဲချိန် ၂၈ မိနစ်တွင်သွင်းယူခဲ့သော ပထမသွင်းဂိုးမှာ ၎င်း၏စပါးကစားသမားဘဝတစ်လျှောက် ဂိုး ၁၀၀ မြောက်သွင်းဂိုးဖြစ်သည်။

ဂိုး ၁၀၀ မြောက်သွင်းဂိုးမှာ ကံကောင်းမှုကြောင့် ရရှိခဲ့သည့်ဂိုးဖြစ်ကြောင်း ဟယ်ရီကိန်းက ဝန်ခံခဲ့သည်။

“ကျွန်တော့်ရဲ့ ပထမသွင်းဂိုးက ဖြတ်တင်ပေးလိုက်တာလို့ပဲ လူတိုင်းက ပြောကြမှာပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ကံကောင်းမှုကလည်း လိုအပ်ပါတယ်။

ဂိုး ၁၀၀ ပြည့်သွင်းနိုင်ခဲ့တာက တကယ်ကို မယုံနိုင်စရာပါ။ နောက်ထပ်ဂိုး ၁၀၀ ကို အမြန်ဆုံးသွင်းယူနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဟယ်ရီကိန်းက ပြောဆိုခဲ့သည်။

ဟယ်ရီကိန်းသည် ပရီးမီးယားလိဂ်တွင် သြဂုတ်လအတွင်းဂိုးသွင်းယူနိုင်ခြင်း မရှိသေးသော်လည်း ယခုနှစ်ပရီးမီးယားလိဂ်တွင် ဂိုးပေါက်ပျောက်နေမှုအား အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags