နှစ်ဦးသားချစ်ခရီးလမ်းမှာ ရင်သားကင်ဆာက ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ

နှစ်ဦးသားချစ်ခရီးလမ်းမှာ ရင်သားကင်ဆာက ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ

ရေးသားသူ Phyu Mon Latt

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

နှစ်ဦးသားချစ်ခရီးလမ်းမှာ ရင်သားကင်ဆာက ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ

ရင်သားကင်ဆာ ရှိနေပါသလား။ ရောဂါနဲ့ ကုသမှုတွေဟာ သင့်ကျန်းမာရေး၊ သင့်ပုံရိပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုတွေဖြစ်တဲ့ လိင်ဆက်ဆံမှုတွေကို ထိခိုက်မှာကို စိုးရိမ်နေပါလိမ့်မယ်။ သင်ဟာ သင့်လျော်တဲ့ ထောက်ပံ့မှုကို ရှာမတွေ့နိုင်ပဲ မေးဖို့လဲ ရှက်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးဟာ သင့်အတွက် ဖြစ်ပါတယ်။ ဘာဖြစ်လာမလဲဆိုတာနဲ့ ပြဿနာတွေကို ဘယ်လို အဖြေရှာမလဲဆိုတာ ဖော်ပြသွားမှာဖြစ်ပါတယ်။

ရင်းနှီးတဲ့ ဆက်ဆံမှုတွေကို ရင်သားကင်ဆာက ထိခိုက်နိုင်ပါတယ်။

ရင်သားကင်ဆာ ရှိနေတယ်ဆိုရင် ကိုယ်ခန္ဓာ ပြောင်းလဲမှုတွေ ဖြစ်တဲ့ နို့သီးခေါင်းနာကျင်မှု၊ ရင်သားရောင်ရမ်းမှု၊ ရင်သားအရေပြား နီမြန်းမှုနဲ့ ပုံမှန်မဟုတ်တဲ့ ရင်သားက ထွက်တဲ့အရည်ထွက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

ရင်သားကင်ဆာ ကုသမှုဟာ သင့်စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ သင့်လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

    ပုံသဏ္ဍာန်ပြောင်းလဲခြင်း
    နာကျင်ခြင်း၊ ထုံကျင်ခြင်း
    မောပန်းခြင်း
    သွေးဆုံးတဲ့ လက္ခဏာများ
    မိန်းမကိုယ် ခြောက်သေ့ွခြင်း

သင့်ချစ်သူဟာ ရင်သားကင်ဆာကို ဘယ်လိုတုန့်ပြန်မလဲ။

သင့်မှာ ချစ်သူရှိရင် ရင်သားကင်ဆာဟာ သူ့ကိုလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ အချို့လူတွေဟာ သူတု့ိရဲ့ ဘဝတွေကို ပြောင်းလဲမှုမရှိပဲ ဆက်လက် နေထိုင်နိုင်ကြပါတယ်။ သူတို့သင့်ကို ချစ်တဲ့အချစ်ဟာ မပြောင်းလဲပါဘူး။ လူအချို့ကတော့ ပိုမို ကာကွယ်တဲ့ ပုံစံမျိုး ရှိကြပါတယ်။ သူတို့ဟာ သင့်ကို ကာကွယ်ဖို့၊ စိတ်ဖိစီးမှုတွေ၊ နာကျင်စေမှုတွေကနေ ကာကွယ်ဖို့ ဘာမဆို လုပ်ကြမယ့်သူတွေ ဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်းကို မတောင့်တကြပါဘူး။ သင့်ကို သင်ရောဂါမရခင် အချိန်ထက် ပိုပြီး ချစ်မှာ ဖြစ်ပါတယ်။

အချို့သူတွေကတော့ သူတို့ချစ်သူမှာ ရင်သားကင်ဆာရှိတယ်ဆိုတာကို လက်ခံဖို့ အချိန်ယူရမှာ ဖြစ်ပါတယ်။ အချို့တွေဟာ ရင်းနှီးတဲ့ အပြုအမူတွေကို ဆက်လက် လုပ်ဆောင်ကြပေမယ့် အချို့တွေကတော့ လက်လျှော့လိုက်ကြပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ပြီး သင့်ဘဝကို ဖျက်ဆီးဖို့ ခွင့်မပြုသင့်ပါဘူး။ သင့်အဓိက ရည်ရွယ်ချက်က ရောဂါတိုက်ထုတ်ဖို့သာ ဖြစ်သင့်ပါတယ်။
ပြောင်းလဲမှုတွေကို ဖြေရှင်းခြင်း

စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုှတွေဟာ သင်တို့ကြားက ရင်းနှီးမှုတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ မရှက်ပါနဲ့၊ လူတိုင်းဟာ ဘဝမှာ ရှက်စရာကောင်းတဲ့ အချိန်တွေကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒီပြဿနာတွေကို ရှက်စရာကောင်းတယ်လို့ မယူဆသင့်ပါဘူး။

ခံစားမှုတွေ ဖန်တီးခြင်း

မေးခွန်းကတော့ သင်လိင်ဆက်ချင်သေးလား ဆိုတာပဲဖြစ်ပါတယ်။ သင်ဟာ နာကျင်နိုင်ပေမယ့် ဒါကို သိပ်ကြာကြာတော့ မခံစားရပါဘူး။ ရင်သားကုသမှုအပြီးမှာ လိင်ဆက်ဆံလို့ မဖြစ်နိုင်တဲ့ အချိန်တွေ ရှိနိုင်ပါတယ်။ ဒီလိုအချိန်တွေမှာ သင်ရော သင့်ချစ်သူပါ လိင်မှုဆိုင်ရာ သာယာမှုကို ရနိုင်တဲ့ အခြားနည်းတွေကို အသုံးပြုသင့်ပါတယ်။ အခြားနည်းတွေကတော့ နမ်းချုပ်ခြင်း၊ ထိတွေ့ခြင်းနဲ့ ပွတ်သပ်ခြင်း အစရှိတာတွေပဲ ဖြစ်ပါတယ်။ နေ့စဉ် ခုံပေါ်မှာ ထိုင်ပြီး တစ်နေ့တာ ဖြစ်ပျက်သမျှတွေကို ပြောနေခြင်းကလည်း ရင်းနှီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ လိင်ပိုင်းဆိုင်ရာ တစ်ခုတည်းလို့ အမြင်မကျဉ်းသင့်ပါဘူး။

သင့်ရင်သားတွေအကြောင်းပဲ တွေးမနေပါနဲ့။ သင့်တခြား အစိတ်အပိုင်းတွေဖြစ်တဲ့ နားရွက်၊ လက်၊ လည်တိုင် အစရှိတာတွေဟာ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ရှိနေနိုင်ပါသေးတယ်။

သင့်ချစ်သူနဲ့ စကားပြောပါ။

စကားပြောခြင်းဟာ ရင်းနှီးတဲ့ ဆက်ဆံရေးတွေကို ထိန်းချုပ်ထားနိုင်ပါတယ်။ အချို့လူတွေဟာ သင်တို့ချစ်သူတွေ ခံစားရတာတွေကို နားမလည်နိုင်ကြပါဘူး။ ဒါမှမဟုတ် လိင်ဆက်ဆံမှုဟာ သင့်ကို ထိခိုက်စေတယ်လို့ ထင်နေတာကြောင့် လုံးဝ လိင်ဆက်ဆံမှု မပြုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်ချစ်သူကို သင်ဘယ်လိုခံစားရသလဲ၊ သင်ဘာလိုလုပ်ချင်ပြီး ဘာကိုမလုပ်ချင်ဘူးလဲဆိုတာမျိုးကို လိင်ဆက်ဆံစဉ်မှာ ပြောပြသင့်ပါတယ်။ ခံစားမှုတွေ မျှဝေခြင်းဟာ သင်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပိုမို နားလည်လာစေပါတယ်။

သင်ဟာ ပင်ပန်းလွန်နေရင် သူတို့ိကို ပိုပြီး တက်ကြွစွာ လုပ်ခိုင်းပါ။ တကယ်လို့ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုခုမှာ နာကျင်နေတယ်ဆိုရင် မသက်မသာဖြစ်မှုကို ရှောင်ကျဉ်ဖို့သူတို့ရဲ့ ထိတွေ့မှုတွေကို

လမ်းပြပေးနိုင်ပါတယ်။

သိပ်ခက်ခဲနေခဲ့ရင် ဆွေးနွေးပေးတဲ့ပညာရှင်က ကူညီပေးမှာ ဖြစ်ပါတယ်။

ရင်းနှီးတဲ့ ဆက်ဆံမှုတွေဟာ သင့်ဘဝရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ခန္ဓာ ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ ပြည့်စုံဖို့ သူတို့ကို လိုအပ်ပါတယ်။ ရင်သားကင်ဆာ ဖြစ်နေရင်တော့ ရင်းနှီးမှု ပြုဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် သင်ရော သင့်ချစ်သူရောဂါ တစ်ယောက်ကို တစ်ယောက် သာယာမှု ရှိစေတဲ့ နည်းတွေကို ရှာဖွေနိုင်ပါတယ်။ စိတ်ပူစရာ မလိုပါဘူး။

ဆောင်းပါးအား http://hellosayarwon.com မှ ကူးယူဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly