မကွေးတိုင်းအတွင်း ခိုးဝင်သူများ ဝင်ရောက်နေသည်ဆိုသည့်အပေါ် ဆင်ခြင်တုံတရားဖြင့် မယုံကြည်ကြရန် ဝန်ကြီးပြော

မကွေးတိုင်းအတွင်း ခိုးဝင်သူများ ဝင်ရောက်နေသည်ဆိုသည့်အပေါ် ဆင်ခြင်တုံတရားဖြင့် မယုံကြည်ကြရန် ဝန်ကြီးပြော

မကွေးတိုင်းဒေသကြီးအတွင်းရိ ှမြို့နယ်များတွင် ခိုးဝင်ဘဂါၤလီများနှင့်ပတ်သက်၍ ကောလဟာလများထွက်ပေါ်လျက်ရှိရာ မိမိတို့၏ဆင်ခြင်တုံတရားဖြင့် မယုံကြည်ကြရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးနေမျိုးကျော်က စက်တင်ဘာ ၉ရက်နေ့က ပြည်သူများသို့ ပြောကြားသည်။

ခိုးဝင်ဘင်္ဂါလီများသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ရပ်ကွက်များ၊ကျေးရွာများအတွင်း ဝင်ရောက်နေသည်ဟု ပြည်သူများအကြား စိုးရိမ်မှုများရှိကာ ကောလဟာလများ ထွက်ပေါ်လာနေကြောင်း သိရှိရသည်ဟု ဝန်ကြီးကပြောသည်။

"အခုလို ပြည်သူတွေကြားထဲမှာ ဒီလိုသတင်းတွေ ပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး အချက်၂ချက်ကို ပြောချင်ပါတယ်၊တစ်အချက်ကတော့ လုံခြုံရေးအားဖြင့် တာဝန်ရှိတဲ့ ဌာနဆိုင်ရာ၊အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ မိမိတို့တွေ့ရှိတဲ့အချက်ကို ညှိညှိနှိုင်းနှိုင်း ၊ ပွင့်ပွင့်လင်းလင်း၊ ညင်ညင်သာသာရှိအောင် နားလည်မှုရှိရှိ ပြောဆို ပူးပေါင်းဆောင်ရွက်စေချင်တယ်" ဟု ဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။ 

"နောက်တစ်ချက်တော့ ဒီလိုသတင်းစကားတွေဟာ ဘယ်လောက် အခြေမြစ်ရှိတယ် ။ ဘယ်လောက် ခိုင်မာတယ်ဆိုတာ ဆင်ခြင်တုံတရားနဲ့ သုံးသပ်ပြီးတော့မှ ဒီအခြေနေပေါ်မှာ စိုးရိမ်ရတယ်၊ ထိတ်လန့်ရတယ်၊ သတိရှိရမယ်ဆိုတဲ့အချက်တွေကို ပိုင်းဖြတ်ပြီးကာမှ ပူးပေါင်းဆောင်ရွက်ရမယ့် အင်အားအဖွဲ့အစည်းတွေဖြစ်တဲ့ အုပ်ချုပ်ရေး၊ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေနဲ့   ပြည်သူကောင်း တစ်ယောက်အနေဖြင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ဘာအခက်ခဲမှ မရှိနိုင်ပါဘူး" ဟု ဝန်ကြီးကပြောသည်။

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နာများတွင် ချောက်မြို့နယ်၊ မကွေးမြို့နယ်၊ မင်းဘူး/စကုမြို့နယ်နှင့်ငဖဲမြို့နယ်များအတွင်းသို့ ခိုးဝင်ဘင်္ဂလီများ ဝင်ရောက်လာနေကြောင်း၊ မည်သည့်ကျေးရွာများတွင် ဘာတွေဖြစ်နေပြီဟု မခိုင်မာသည့် သတင်းများ တက်လာနေ၍ မကွေးတိုင်းအတွင်းမှ ပြည်သူများ စိုးရိမ်စိတ် ဖြစ်ပေါ်နေကြကြောင်း သိရသည်။

လက်ရှိတွင် မကွေးတိုင်းအတွင်း၌ ခိုးဝင်ဘင်္ဂါလီ ဖမ်းဆီးရရှိခြင်းမရှိဘဲ ငဖဲမြို့နယ်၊ စာတတ်ကူ မောင်းတံဂိတ်တွင်  မြန်မာနိင်ငံရဲတပ်ဖွဲ့နှင့် လဝကတို့ ပူးပေါင်းပြီး ရခိုင်တောင်ပေါ် အသွားအပြန် ယာဉ်များကို သေချာဂရုစိုက်စစ်ဆေးနေကြောင်း သိရသည်။

ဝန်ကြီး ဦးနေမျိုးကျော်က ကောလဟာလအမျိုးစားများမှာ အများအပြား ရှိနေသည့်အတွက် တာဝန်ယူမှု့ တာဝန်ခံမှုမရှိသည့်နေရာများမှ လာတာဖြစ်သလို ကိုယ့်နိုင်ငံ၏ လုံခြုံရေးကိုထိခိုက်မှာ စိုးရိမ်သည့် စေတနာသန့်သန့်ဖြင့် စိုးရိမ်ထိတ်လန့်မှုများလည်း ရှိနိုင်ကြောင်း ၎င်းကသုံးသပ်ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly