ပီအက်စ်ဂျီအတွက် အဖွင့်ပွဲတွင် အမ်ဘတ်ပီ ဂိုးသွင်းယူ

ပီအက်စ်ဂျီအတွက် အဖွင့်ပွဲတွင် အမ်ဘတ်ပီ ဂိုးသွင်းယူ

 

စက်တင်ဘာ ၉၊ ပြင်သစ် ။              ။ ပီအက်စ်ဂျီအသင်းကို ပေါင် ၁၆၈ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး အမ်ဘတ်ပီဟာ ပဲရစ်ကလပ်အသင်းအတွက် ပထမဆုံး ပွဲဦးထွက်မှာပဲ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ အမ်ဘတ်ပီဟာ သူ့ရဲ့ ပီအက်စ်ဂျီအတွက် ပထမဆုံးသွင်းဂိုးကို ဧရိယာထိပ်ကနေ ကန်သွင်းယူသွားတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လိဂ်ပွဲစဉ် ၅ ပွဲမြောက်အဖြစ် မက်စ်အသင်းနဲ့ကစားခဲ့ရာမှာ  ၅-၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ကာဗာနီက ၂ ဂိုး၊ အမ်ဘတ်ပီ၊ နေမာနဲ့ လူးကပ်စ်မိုရာတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ကြပါတယ်။ ဒီနိုင်ပွဲကြောင့် ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လိဂ်မှာ ငါးပွဲဆက်နိုင်ပွဲရခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်လျက်ရှိနေပါတယ်။

အမှတ်ပေးဇယားအောက်ဆုံးက မက်စ်အသင်းဟာ ဒီပွဲမှာ ပီအက်စ်ဂျီကို ၁-၁ သရေဖြစ်အောင် ကစားနိုင်ခဲ့သေးပေမယ့် ကစားသမားတစ်ယောက် ထုတ်ခံခဲ့ရပြီးတဲ့နောက် ဂိုးပြတ်ရှုံးခဲ့ရတာ ဖြစ်ပါတယ်။စပါးကစားသမားဟောင်း အီကိုတူဟာ အမ်ဘတ်ပီကို ပြင်းပြင်းထန်ထန်ပြစ်ဒဏ်ကျူးလွန်တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ်တိုက်စစ်မှူးအမ်ဘတ်ပီဟာ နေမာပြီးရင် ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားအဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ နေမာ၊ အမ်ဘတ်ပီနဲ့ ကာဗာနီတို့ အတွဲအဖက်မိမိကစားနိုင်ခဲ့ကြပါတယ်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly