အိုင်ဗန်ပါရီဆစ်ကို အင်တာမီလန်အသင်း ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

အိုင်ဗန်ပါရီဆစ်ကို အင်တာမီလန်အသင်း ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

 

စက်တင်ဘာ ၉၊ အီတလီ  ။         ။ မန်ယူအသင်းက ခေါ်ယူရန် အလိုရှိနေသည့် ခရိုအေးရှားတောင်ပံကစားသမား အိုင်ဗန်ပါရီဆစ်ကို အင်တာမီလန်အသင်းက ၂၀၂၂ ခုနှစ်အထိ ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

မန်ယူအသင်းသည် ပါရီဆစ်ကို ခေါ်ယူနိုင်ရန် အပြောင်းအရွှေ့ကာလတစ်လျှောက်လုံး ကြိုးပမ်းခဲ့ပြီး ပေါင် ၄၅ သန်းအထိပေးကာ ကမ်းလှမ်းခဲ့သော်လည်း အင်တာမီလန်အသင်းက ၎င်းတို့၏အဓိကတောင်ပံကစားသမားကို ရောင်းချရန် ငြင်းဆန်ခဲ့သည်။

အင်တာမီလန်နှင့် စာချုပ်သစ်ချုပ်ဆိုပြီးနောက်တွင် ပါရီဆစ်က “ဒီနေ့က ကျွန်တော့်အတွက် ထူးခြားတဲ့နေ့ပါ။ ဖိအားတွေခံစားခဲ့ရတဲ့ နွေရာသီပြီးဆုံးသွားတဲ့နောက် ပျော်စရာနေ့တစ်နေ့ပါ။

ရာသီအဖွင့်ပွဲစဉ် ၂ ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံးစွမ်းဆောင်ထားနိုင်ပါတယ်။ ဒါကို ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ လိုပါတယ်” ဟု ပြောဆိုခဲ့သည်။

ပါရီဆစ်သည် အင်တာမီလန်အသင်းသို့ ၂၀၁၅-၁၆ ခုနှစ်က ရောက်ရှိလာသူဖြစ်ပြီး ၈၁ ပွဲတွင် ဂိုး ၂၀ သွင်းယူပေးနိုင်ခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly