ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာအစိုးရ၏ အားထုတ်မှုများကို ထောက်ခံပံ့ပိုးသွားမည်ဟု စင်ကာပူပြော

ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာအစိုးရ၏ အားထုတ်မှုများကို ထောက်ခံပံ့ပိုးသွားမည်ဟု စင်ကာပူပြော
ဓာတ်ပုံ - စိုးသူရ

 

“မြန်မာနိုင်ငံ၏ အခြေအနေသည် အာဆီယံနိုင်ငံအားလုံးကို သက်ရောက်သည်။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြန်မာအစိုးရ၏ အားထုတ်မှုများကို ပံ့ပိုးသွားရန် အတူလက်တွဲလုပ်ဆောင်သွားရေး ကျွန်တော်တို့ ပြင်ဆင်ထားသည်။ ယင်းသို့ မြန်မာအစိုးရအား ပံ့ပိုးခြင်းက ဒေသအတွက် ကျွန်တော်တို့၏ ဘုံအကျိုးစီးပွားဖြစ်သည်။”ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန MFA က စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ရခိုင်ဒေသ ပဋိပက္ခများ အရေးတွင် ပါဝင်နေသည့် အဖွဲ့အစည်းတိုင်းက ရင်ဆိုင်နေရသည့် မြေပြင်တွင် အခြေအနေများ ပိုမိုဆိုးဝါးသွားစေမည့် လုပ်ဆောင်မှုများကို   ရှောင်ကြဉ်ရမည်လည်း   ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အားလုံးအနေဖြင့် အားဖြည့်ကူညီပေးကြကာ ရေရှည်ဖြေရှင်းမှုအား အတူတကွ ဆောင်ရွက်သွားမှသာ ထိခိုက်မှု ခံစားရရာ အသိုင်းအဝိုင်းတိုင်းက ပြန်လည်ထူထောင်နိုင်မည်ဖြစ်သည်ဟု MFA က ဆိုပြီး ရခိုင်ပြည်နယ်က အခြေအနေသည် နက်ရှိုင်းသည့် သမိုင်းနှင့်အတူ ရှုပ်ထွေးသော ပြဿနာဖြစ်ကြောင်းလည်း ဖော်ပြသည်။

“အာဏာပိုင်များအနေဖြင့် အရပ်သားများ လုံခြုံရေးကို အာမခံပေးသင့်သည်။ ထိခိုက်ခံစားရသူများ၊ မိသားစုများအတွက် ကျွန်တော်တို့ များစွာစိတ်မကောင်းဖြစ်ရသည်။”ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရင်းနှီးသည့် မိတ်ဖက်အဖြစ်လည်းကောင်း၊ အာဆီယံအိမ်နီးချင်းအနေဖြင့်လည်းကောင်း၊ အာဆီယံ၏ မူဘောင်အရ ရခိုင်ဒေသက ထိခိုက်မှုဖြစ်ရာ ပြည်သူများထံ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးပို့မည့် ဒေသတွင်း အဖွဲ့အစည်းများ၏ အားထုတ်မှုများကို စင်ကာပူက ထောက်ခံရပ်တည်ရန် အသင့်ရှိကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly