စပါးတိုက်စစ်မှူးဂျန်ဆန် အငှားစာချုပ်ဖြင့် ဖီနာဘာချီသို့ ပြောင်းရွှေ့

စပါးတိုက်စစ်မှူးဂျန်ဆန် အငှားစာချုပ်ဖြင့် ဖီနာဘာချီသို့ ပြောင်းရွှေ့

 

စက်တင်ဘာ ၉၊ အင်္ဂလန် ။              ။ စပါးတိုက်စစ်မှူး ဗင်းဆင့်ဂျန်ဆန်သည် တစ်ရာသီအငှားစာချုပ်ဖြင့် တူရကီကလပ် ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ဟော်လန်တိုက်စစ်မှူးသည် ၂၀၁၆ ခုနှစ်က အယ်လ်ခမာအသင်းမှ စပါးသို့ ပေါင် ၁၇ သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။ စပါးအသင်းတွင် ပထမကစားသမားနေရာရရန် ရုန်းကန်နေရပြီး ၃၈ ပွဲတွင် ခြောက်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

လက်ရှိတွင် စပါးအသင်း၌ ဟယ်ရီကိန်းက ဦးစားပေးတိုက်စစ်မှူးအဖြစ် ကစားလျက်ရှိပြီး ဆွမ်ဆီးတိုက်စစ်မှူးလိုရန်သီလည်း အသင်းသို့ ရောက်လာသည့်အတွက် ပွဲထွက်ကစားခွင့်ရရှိလိုနေသော ဂျန်ဆန်မှာ ဖီနာဘာချီသို့ ပြောင်းရွှေ့သွားခြင်းဖြစ်သည်။

ဂျန်ဆန်သည် နည်းပြပိုချက်တီနို၏ ချန်ပီယံလိဂ်လူစာရင်းတွင်လည်း ချန်ရစ်ခံခဲ့ရသူ ဖြစ်သည်။ ပိုချက်တီနိုက ဂျန်ဆန်မှာ စပါးအသင်းတွင် အနာဂတ်ရှိသေးသည်ဟုနှစ်သိမ့်ခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly