ပါတီ လုပ်ငန်းများ ဖိဖိစီးစီး ဆောင်ရွက်နိုင်ရန် ဦးရွှေမန်းအစား ဦးဌေးဦးထံ ဥက္ကဌ ပူးတွဲတာဝန် လွှဲပြောင်းဟု ကြေညာချက်ထုတ်

ပါတီ လုပ်ငန်းများ ဖိဖိစီးစီး ဆောင်ရွက်နိုင်ရန် ဦးရွှေမန်းအစား ဦးဌေးဦးထံ ဥက္ကဌ ပူးတွဲတာဝန် လွှဲပြောင်းဟု ကြေညာချက်ထုတ်
ဓါတ်ပုံ - စိုးဇေယျာထွန်းဖေ့စ်ဘွတ်။

ပါတီ လုပ်ငန်းများကို ဖိဖိစီးစီး ဆောင်ရွက်လာရန် လိုအပ်သည့် အချိန် ဖြစ်သောကြောင့် ပါတီဥက္ကဌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒုတိယ ဥက္ကဌ/ ဥက္ကဌ ပူးတွဲတာဝန်ကို သူရဦးရွေမန်းအစား ဒုတိယ ဥက္ကဌ ဦးဌေးဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြေညာချက်ထုတ်ပြန်လိုက်သည်။
ပါတီအနေဖြင့် တာဝန်လွဲအပ်ခြင်းကို သြဂုတ် ၁၂ ရက်တွင် လွဲပြောင်းခဲ့သည်ဟုလည်း ပါဝင်သည်။
သူရဦးရွှေမန်းသည် လက်ရှိအချိန်တွင် ကြီးလေးသည့် တာဝန်များဖြစ်သော ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် အချိန်ပြည့် ထမ်းဆောင်နေရသူ ဖြစ်သည်ဟုလည်းပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly