ရာစုနှစ်အတွင်း အကြီးဆုံး မက္ကဆီကိုငလျင်၌ သေဆုံးသူ ၃၂ ဦးအထိရှိလာပြီး ပိတ်မိနေသူ များစွာရှိနေ

ရာစုနှစ်အတွင်း အကြီးဆုံး မက္ကဆီကိုငလျင်၌ သေဆုံးသူ ၃၂ ဦးအထိရှိလာပြီး ပိတ်မိနေသူ များစွာရှိနေ

မက္ကဆီကိုစီးတီး၊ စက်တက်ဘာ ၈ ။        ။ စက်တင်ဘာ ၇ ရက် ညပိုင်းက မက္ကဆီကို ပစိဖိတ်ကမ်းခြေတွင် လှုပ်ခဲ့သည့် အားပြင်းငလျင်တွင် သေဆုံးသူဦးရေသည် ၃၂ ဦး ရှိသွားပြီဟု အေအက်ဖ်ပီသတင်းက ဖော်ပြသည်။

ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကို ကောက်ယူနေဆဲဖြစ်ပြီး အပျက်အစီးများအောက် ပိတ်မိနေသူ များစွာရှိနေသည်ဟု တီလီဗီဇာရုပ်သံလွှင့်ဌာနမှတစ်ဆင့် အမျိုးသား အရပ်ဖက်ကာကွယ်ရေး ညှိနှိုင်းရေးမှူးက ဖီလစ်ပန့်တီးက ပြောသော်လည်း တရားဝင်အချက်အလက် ထွက်ရှိမလာသေးပေ။

တောင်ပိုင်း ချီယာပတ်စ်ပြည်နယ်တွင် လှုပ်သွားသည့် အဆိုပါငလျင်သည် ပြင်းအားရစ်ချ်တာစကေး ၈ ဒဿမ ၂ အဆင့် ရှိပြီး ဆူနာမီသတိပေးချက် ထုတ်ထားသည်။

သမ္မတ ပီနာနီတိုက ငလျင်၏ ပြင်းအားကို ၈ ဒဿမ ၄ အဆင့်မှ ၈ ဒဿမ ၂ အဆင့်သို့ လျှော့ချကြောင်း ပြောသော်လည်း နိုင်ငံတွင် အနည်းဆုံး နှစ် ၁၀၀ အတွင်း အပြင်းထန်ဆုံး ငလျင်ကြီးပဲဖြစ်သည်ဟု ပြောသည်။

သမ္မတ နီတိုက ရုပ်မြင်သံကြားမှတစ်ဆင့် ချီယာပတ်စ်ပြည်နယ်တွင် အရေးပေါ်အခြေအနေကြေညာလိုက်ပြီး နောက်ဆက်တွဲငလျင်များ ဖြစ်နိုင်သည်ဟုလည်း သတိပေးသည်။

ယခု ငလျင်ကြီးသည် တရီပီကိုအရပ် အနောက်တောင်ဖက် ၁၁၉ ကီလိုမီတာတွင် ဗဟိုပြုကာ အနက် ၃၃ ကီလိုမီတာတွင် ည ၁၁ နာရီ ၄၉ မိနစ်၌ လှုပ်သွားခြင်းဖြစ်ကြောင်း မက္ကဆီကို အမျိုးသား မိုးလေဝသဌာနက ကြေညာသည်။

ငလျင်၏ တုန်ခါမှုကို အလယ်ပိုင်းမှ တောင်ဖက်အထိ နိုင်ငံတစ်ဝက်နီးပါး ခံစားလိုက်ရသလို ဗဟိုအမေရိက နိုင်ငံများပါ ကြုံတွေ့လိုက်ရသည်။

၁၉၈၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်က မက္ကဆီကိုစီးတီးတွင် လူထောင်ပေါင်းများစွာ လှုပ်ခဲ့သည့် အားပြင်းငလျင်ကြီး နှစ်ပတ်လည်နေ့ ကျရောက်ရန် ရက်အနည်းငယ်အလိုတွင် ယခုငလျင်ကြီး လှုပ်ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly