ဗြိတိန်မင်းသား ဝီလျှံရဲ့ သားတော် တော်ဝင်မင်းသားလေး ဂျော့ ပထမဆုံး ကျောင်းစတက်

ဗြိတိန်မင်းသား ဝီလျှံရဲ့ သားတော် တော်ဝင်မင်းသားလေး ဂျော့ ပထမဆုံး ကျောင်းစတက်

လန်ဒန်၊ စက်တင်ဘာ ၇ ။           ။ ဗြိတိန်နိုင်ငံရဲ့ တော်ဝင်မင်းသားလေး ဂျော့ဟာ စက်တင်ဘာ ၇ ရက်မှာ ပထမဆုံး ကျောင်းစတက်ပြီဖြစ်ပါတယ်။

လန်ဒန်က Thoms’s Battersea ကျောင်းမှာ တက်ရောက်တာဖြစ်ပြီး ဖခင်ဖြစ်တဲ့ မင်းသားဝီလျှံက လက်တွဲလို့ ကျောင်းကို လိုက်ပို့ပါတယ်။

မင်းသားလေး ဂျော့ရဲ့ မိခင် ကမ်းဘရိတ်မြို့စားကတော် ကက်သရင်းက မနက်ပိုင်း မအီမသာ ဖြစ်တာကြောင့် လိုက်ပို့နိုင်ခြင်း မရှိတာဖြစ်ကြောင်း Kensington နန်းတော်က ထုတ်ပြန်ပါတယ်။

ကက်သရင်းက ကောင်းစွာနေမကောင်းတာမို့ သားတော် မင်းသားဂျော့ကို ကျောင်းလိုက်ပို့နိုင်မှာ မဟုတ်ကြောင်း နန်းတော်က အစောပိုင်းကတည်းက သတိပေးထားခဲ့တာပါ ဖြစ်ပါတယ်။

“ကံမကောင်းတာက ကက်သရင်းဟာ ကောင်းကောင်း နေမကောင်းဘူး။ သားငယ်ရဲ့ ကျောင်းပထမဆုံး တက်တဲ့ရက်မှာ လိုက်ပို့နိုင်မှာ မဟုတ်ဘူး။”လို့ နန်းတော်ပြောခွင့်ရသူက ဆိုပါတယ်။

ဂုဏ်သတင်းကြီးတဲ့ ခုကျောင်းကို ကျောင်းဝတ်စုံ တော်ဝင်အပြာရာင်ဆွစ်တာ၊ ဘောင်းဘီတို၊ ရှပ်အကျီတို့ ဝတ်ထားတာတဲ့ လေးနှစ်သား မင်းသားဂျော့ရဲ့ ပထမဆုံး ကျောင်းစတက်ရက်မှာ ဖခင်ဖြစ်တဲ့ ကမ်းဘရိတ်မြို့စား မင်းသားဝီလျှံက လက်တွဲလို့ လိုက်ပို့ခဲ့ရာမှာ ကျောင်းအုပ်ကြီး ဟယ်လင်ဟာစလမ်းက ထွက်လို့ ကြိုဆိုခဲ့ပါတယ်။

ထီးနန်းအရိုက်အရာရဲ့ တတိယမြောက် ဆက်ခံတဲ့ မင်းသားလေးဂျော့ဟာ ခုပထမဆုံး ကျောင်းတက်ရက်ကိုတော့ ဆရာ၊ ဆရာမတွေနဲ့ အတန်းဖော်တွေနဲ့ တွေ့ဆုံမိတ်ဆက်ရင်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ခုသီတင်းပတ်အစောပိုင်းတုန်းက မြို့စားကတော် ကက်သရင်းမှာ တတိယမြောက် ရင်သွေးငယ် လွယ်ထားရပြီးဖြစ်တယ်လို့ မင်းသားဝီလျှံတို့ တော်ဝင်စုံတွဲက ကြေညာထားခဲ့ပါတယ်။

ဒီမွေးဖွားလာမယ့် တော်ဝင်သွေးဟာ အသက် ၉၁ နှစ်ရှိ ဘုရင်မကြီး အယ်လိဇဘတ်အတွက် ခြောက်ယောက်မြောက် မြေးဖြစ်လာမှာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly