မက္ကဆီကိုတွင် လှုပ်ခဲ့သည့် ရာစုနှစ် တစ်စု၏ အားအပြင်းဆုံး မြေငလျင်ကြောင့် သေဆုံးသူ ခြောက်ဦးထိ ရှိလာ

By AFP
08 September 2017
မက္ကဆီကိုတွင် လှုပ်ခဲ့သည့် ရာစုနှစ် တစ်စု၏ အားအပြင်းဆုံး မြေငလျင်ကြောင့် သေဆုံးသူ ခြောက်ဦးထိ ရှိလာ

 

စက်တင်ဘာ ၈ ။              ။ မက္ကဆီကိုတောင်ပိုင်းမှာ စက်တင်ဘာ ၇ ရက်နှောင်းပိုင်းက လှုပ်ခဲ့တဲ့ ပြင်းအား ၈ ဒသမ ၂ အဆင့်ရှိ မြေငလျင်ကြီးတစ်ခု လှုပ်ခဲ့မှုကြောင့်  ယခုအခါ   သေဆုံးသူဦးရေဟာ ခြောက်ဦးထိ ရှိလာပြီး ဆူနာမီ သတိပေးချက်များလည်း ထုတ်ပြန်ထားရကြောင်း သိရပါတယ်။

ယင်းမြေငလျင်ကြီးရဲ့ ပြင်းအားကို အမေရိကန် USGS က ၈ ဒသမ ၁ ဆိုပြီး တိုင်းတာထုတ်ပြန်ခဲ့ပေမယ့် မက္ကဆီကို အာဏာပိုင်တွေက ပြင်းအား အဆင့် ၈ ဒသမ ၂ ဆိုပြီး ထုတ်ပြန်ထားပါတယ်။

ယင်းဟာ Chiapas ပြည်နယ် တောင်ဘက် Tonala မြို့မှ ကီလိုမီတာ ၁၀၀ အကွာ ကမ်းလွန်မှာ ဗဟိုပြုလှုပ်သွားခဲ့တာဖြစ်ပါတယ်။

ယခု မြေငလျင်ကြီးကတော့ ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း နိုင်ငံမှာ ကြုံတွေ့လိုက်ရတဲ့ အားအပြင်းဆုံး ငလျင်ကြီး ဖြစ်တယ်ဆိုပြီး မက္ကဆီကို သမ္မတ Enrique Pena Nieto က ပြောပါတယ်။

မြေငလျင်ကြောင့် အိမ်နီးချင်း ဂွာတီမာလာနိုင်ငံမှာလည်း တစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ယခုအခါ ဆူနာမီ ရေလှိုင်းသတိပေးချက်တွေကို ထုတ်ပြန်ထားရပြီး မက္ကဆီကိုနဲ့ အနီးအနား နိုင်ငံတွေအတွက် ပုံမှန်ထက် သုံးမီတာထိ ပိုမြင့်တဲ့ ပင်လယ်ရေလှိုင်းရိုက်ခတ်မှုနဲ့ ကြုံလာရနိုင်တယ်ဆိုပြီး သတိပေးထားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly