မြောက်​ဥက္ကလာသံထည်​​ရောင်​းဝယ်​​ရေးမှ တရားမဝင်​ ဘင်္ဂါလီတစ်​ဦးနှင်​့ကမန်​တစ်​ဦးအား ​နေရပ်​ပြန်​ပို့မည်​

မြောက်​ဥက္ကလာသံထည်​​ရောင်​းဝယ်​​ရေးမှ တရားမဝင်​ ဘင်္ဂါလီတစ်​ဦးနှင်​့ကမန်​တစ်​ဦးအား ​နေရပ်​ပြန်​ပို့မည်​

ရန်ကုန်၊စက်တင်ဘာ၈ ။          ။ မြောက်ဥက္ကလာမြို့နယ် သံထည်ရောင်းဝယ်ရေးလုပ်ငန်းတစ်ခုတွင် တရားမဝင်ဘင်္ဂါလီတစ်ဦးနှင့် ကမန်တစ်ဦးတို့ ကိုစစ်ဆေးတွေ့ရှိခဲ့ပြီး နေရပ်ပြန်ပို့ရန် ရန်ကုန်တိုင်းဒေသကြီး လူဝန်မှုကြီးကြပ်ကွပ်ကဲရေးဌာနက ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက  ယနေ့စက်တင်ဘာလ၈ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်။

ဘင်္ဂါလီများ ရောက်ရှိနေကြောင်း သတင်းအရ စက်တင်ဘာလ၆ရက်နေ့ ည၇နာရီခွဲ၌ မြောက်ဥက္ကလာပမြို့နယ် (ဋ)ရပ်ကွက် ခေမာသီလမ်း မ/၂၄၅ရှိ သံထည်ရောင်းဝယ်ရေးလုပ်ငန်းဖွင့်လှစ်ထားသူ ဦးရဲအောင်နေအိမ်အား လ.ဝ.က၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွပ်အုပ်ချုပ်ရေးမှူးတို့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည်။

၎င်းဆိုင်၌ လုပ်ကိုင်နေသူ(၅)ဦးကိုစစ်ဆေးခဲ့ရာ ဘင်္ဂလီ-ကမန်ဖြစ်သူ မောင်ထွေးသည် နိုင်ငံသားစိစစ်ဆဲကဒ် (NVC)ကဒ်ကိုင်ဆောင်သူဖြစ်ကြောင်းတွေ့ရပြီး ဘင်္ဂါလီဖြစ်သူ ထွန်းမြင့်(ခ)မောင်ကြီး သည် ကျောက်ဖြူမြို့နယ်၊ လဝကဦးစီမှူး၏ မေ(၂၄)ရက်စွဲပါ ယာယီခရီးသွားလက်မှတ် သက်တမ်း(၃)လကျော်လွန်ကာ အလုပ်လုပ်ကိုင်နေသည်ကိုတွေ့ရှိခဲ့သည်။

ထို့ကြောင့် မြောက်ဥက္ကလာပမြို့နယ် လဝက ဦးစီးအရာရှိ ဦးအောင်မြင့်ဦးက  စက်တင်ဘာလ ၇ ရက်နေ့တွင် မောင်ထွေးအား မှတ်ပုံတင်ရေးအက်ပုဒ်မ ၆(၂)/၆(၃)ဖြင့် တရားစွဲဆိုနိုင်ရေးအတွက် တိုင်းဒေသကြီး လဝကညွှန်မှူးမှတစ်ဆင့် ညွှန်ချုပ်ထံသို့ တင်ပြခဲ့သည်။

မောင်ထွေးသည် နိုင်ငံသား စိစစ်ဆဲကဒ် NVC ကဒ်ကိုင်ဆောင်နေသူဖြစ်နေသဖြင့် အရေးယူဆောင်ရွက်ခြင်းမပြုဘဲ ထွန်းမြင့်(ခ) မောင်ကြီးနှင့်အတူ ယနေ့ စက်တင်ဘာလ ၈ရက်နေ့ ညနေ၆နာရီခွဲ၌ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်သွားရန် ညွှန်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly