အစ္စကိုအား စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်သည်ဟု ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ် ပြော

အစ္စကိုအား စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်သည်ဟု ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ် ပြော

စက်တင်ဘာ ၈၊ စပိန် ။         ။ ရီးယဲလ်ဥက္ကဋ္ဌဖလော်ရင်တီနိုပီရက်ဇ်က အသင်း၏ ကွင်းလယ်တိုက်စစ်ကစားသမား အစ္စကို,ကို စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရှိခဲ့ပြီးဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အစ္စကိုသည် ယခုနှစ်ရာသီတွင် ရီးယဲလ်အသင်းနှင့် စပိန်လက်ရွေးစင်အသင်းတို့အတွက် ခြေစွမ်းပြ ကစားလျက်ရှိသည်။ အစ္စကို၏ လက်ရှိစာချုပ်မှာ ၂၀၁၈ ခုနှစ် နှစ်ဝက်အထိသာ ကျန်ရှိတော့သည်။

“အစ္စကိုက ရီးယဲလ်အသင်းကို အလွန်ငယ်ရွယ်တဲ့အရွယ်ကတည်းက ရောက်ရှိနေခဲ့တာပါ။ အခုအရမ်းကို တိုးတက်နေပါပြီ။ ဒီရာသီမှာ ကစားပြနေတဲ့ သူ့ရဲ့ခြေစွမ်းက သူမျှော်လင့်ထားတဲ့ ပုံစံအတိုင်း သက်သေပြနေတာလို့ ကျွန်တော်တို့ယုံကြည်ပါတယ်။

လာမည့်ရက်အနည်းငယ်အတွင်းမှာ သူ့ရဲ့စာချုပ်သစ်ကိစ္စကို ကျွန်တော်တို့ ကြေညာသွားမှာပါ။ စာချုပ်သစ်ချုပ်ဆိုဖို့ အားလုံးပြီးဆုံးသွားပါပြီ” ဟု ပီရက်ဇ်က ဆိုသည်။

အစ္စကိုသည် ရီးယဲလ်အသင်းတွင် ကစားခဲ့သည့်လေးနှစ်တာကာလအတွင်း နှစ်စဉ်နှစ်တိုင်း လာလီဂါပွဲစဉ် ၃၀ ခန့်သာ ကစားခဲ့ရသူ ဖြစ်သည်။

ရည်ညွှန်း ဖိုးဖိုးတူး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags