ဘန်လေကို ရှုံးနိမ့်ပါက ပဲလေ့စ်နည်းပြ ဖရန့်ဒီဘိုးဝါး ရာထူူးမှ ထုတ်ပယ်ခံရရန် သေချာသလောက်ရှိနေ

ဘန်လေကို ရှုံးနိမ့်ပါက ပဲလေ့စ်နည်းပြ ဖရန့်ဒီဘိုးဝါး ရာထူူးမှ ထုတ်ပယ်ခံရရန် သေချာသလောက်ရှိနေ

စက်တင်ဘာ ၇၊ အင်္ဂလန် ။           ။ လာမည့်တနင်္ဂနွေနေ့တွင် ဘန်လေအသင်းကို ရှုံးနိမ့်ခဲ့ပါက ခရစ္စတယ်ပဲလေ့စ်နည်းပြ ဖရန့်ဒီဘိုးဝါးအနေဖြင့် ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိနေသည်။

ဖရန့်ဒီဘိုးဝါး၏ ပဲလေ့စ်အသင်းသည် ရာသီအစပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်သုံးပွဲစလုံးတွင် တစ်ဂိုးမှသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ သုံးပွဲစလုံးရှုံးနိမ့်ထားသည်။

ဘန်လေကိုရှုံးနိမ့်ပြီး ရာထူးမှ ထုတ်ပယ်ခံရပါက ဒီဘိုးဝါးအနေဖြင့် ပရီးမီးယားလိဂ်သမိုင်းတွင် ပွဲအရေအတွက် အနည်းဆုံးဖြင့် ထုတ်ပယ်ခံရသော နည်းပြအဖြစ် မှတ်တမ်းဝင်သွားမည် ဖြစ်သည်။ ၂၀၀၆ ခုနှစ်က ချာလ်တန်နည်းပြဟောင်း လက်စ်ရိဒ်သည် ပွဲစဉ် ၇ ပွဲအပြီး ရာထူးမှ ထုတ်ပယ်ခံခဲ့ရကာ ပွဲအနည်းဆုံးဖြင့် ထုတ်ပယ်ခံရသော နည်းပြအဖြစ် မှတ်တမ်းတင်ထားသည်။

ဒီဘိုးဝါးက ဘန်လေနှင့်ပွဲတွင် ၄-၃-၃ ကစားကွက်ကို အသုံးပြုရန် စဉ်းစားနေသည်ဟု ပြောဆိုထားသည်။ ထိုကစားကွက်မှာ အေဂျက်ဇ်အသင်းတွင် ၎င်းအောင်မြင်မှုရခဲ့စဉ်က အသုံးပြုခဲ့သည့် ကစားကွက်ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly