လာလီဂါဥက္ကဋ္ဌကို မန်စီးတီးအသင်းပိုင်ရှင်များ တရားစွဲဆိုရန် ပညာရှင်များ၏ အကြံဉာဏ်များ စောင့်ဆိုင်းနေ

လာလီဂါဥက္ကဋ္ဌကို မန်စီးတီးအသင်းပိုင်ရှင်များ တရားစွဲဆိုရန် ပညာရှင်များ၏ အကြံဉာဏ်များ စောင့်ဆိုင်းနေ

 

စက်တင်ဘာ ၇၊ အင်္ဂလန် ။         ။ မန်စီးတီးအသင်း ပြင်ပငွေကြေးများစိုက်ထုတ်သုံးစွဲနေသည်ဟု စွပ်စွဲပြောဆိုခဲ့သော လာလီဂါဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်ကို မန်စီးတီးအသင်းပိုင်ရှင်တွေက တရားစွဲဆိုဖို့ စဉ်းစားလျက်ရှိနေပါတယ်။

တီဘက်စ်က မန်စီးတီးအသင်းနဲ့ပီအက်စ်ဂျီအသင်းတို့ဟာ ကစားသမားသစ်တွေဝယ်ဖို့ ဘောလုံးနဲ့မသက်ဆိုင်တဲ့ ပြင်ပငွေကြေးတွေကို အသုံးပြုနေတယ်လို့ စွပ်စွဲခဲ့တာဖြစ်ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ယူအီးအက်ဖ်အေကို တိုက်တွန်းခဲ့ပါတယ်။ လာလီဂါဘောလုံးအဖွဲ့ချုပ်ကနေလည်း စာရေးတိုင်ကြားခဲ့ပါတယ်။

ဒါ့အပြင် တီဘက်စ်က လာလီဂါကလပ်ဂျီရိုနာအသင်းရဲ့ ရှယ်ယာ ၄၄.၃ ရာခိုင်နှုန်းကို မန်စီးတီးအသင်းက ဝယ်ယူထားပြီး ကစားသမားတွေ အငှားချပေးခြင်းကိုလည်းပတ်သက်ပြီးတော့လည်း မန်စီးတီးအသင်းဟာ စည်းမျဉ်းဥပဒေတွေကို အရည်ကျိုသောက်နေတယ်ဆိုပြီး ဝေဖန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး The City Football Group က ပညာရှင်များ၏အကြံပေးမှုများကို စောင့်ဆိုင်းနေပြီး လာလီဂါဥက္ကဋ္ဌတီဘက်က်စ်ကို တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

တီဘက်စ်ရဲ့ ပြောဆိုမှုတွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲပြောဆိုမှုတွေလို့လည်း တုန့်ပြန်ခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ကတော့ မန်စီးတီးအသင်းကို စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ မရှိဘူးလို့ တရားဝင် ကြေညာထားပြီး ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ပေါင် ၂၁၅ သန်းအထိ အသုံးပြုခဲ့ပြီး ငွေကြေးအများဆုံးအသုံးပြုတဲ့ အသင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly