မြိုင်​မြို့နယ်​တွင်​ ​တစ်​​သောင်​းတန်​​ငွေစက္ကူ အတု ၅ ရာကျော် ဖမ်​းဆီးရမိ

မြိုင်​မြို့နယ်​တွင်​ ​တစ်​​သောင်​းတန်​​ငွေစက္ကူ အတု ၅ ရာကျော် ဖမ်​းဆီးရမိ

မြိုင်၊စက်တင်ဘာ ၇ ။                ။ ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် ငွေစက္ကူအတုဟု ယူဆရသည့် တစ်သောင်းကျပ်တန် ငွေစက္ကူများ အများပြည်သူလက်ဝယ် ပျံ့နှံ့ခဲ့ပြီး ရွက်ရေ ၅ ရာကျော် ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။

မြိုင်မြို့နယ်ရှိ ကိုင်းရိုး၊ညောင်တွင်း၊နှောပင်၊စဘေ၊ထန်းငယ်တောကျေးရွာများတွင်  တစ်သောင်းကျပ် တန်ငွေအတုဟု ယူဆရသည့် ငွေများ အသုံးပြုကာ နွားအရောင်းအဝယ်ပြုလုပ်ရာမှ ပျံနှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငွေစက္ကူအတုများကို စက်တင်ဘာလ ၂ ရက်နေ့မှ စတင်ကာ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၅ ရက်နေ့အထိ တစ်သောင်းတန် ငွေစက္ကူအတု ၅၆၆ ရွက် ပြန်လည်သိမ်းဆည်းခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

"လက်ရှိက CIDက စစ်ဆေးနေတယ်။ ပြည်သူတွေကလည်း သူတို့ကြားမှာ ပျံနှံနေတဲ့ ငွေစက္ကူတွေကို လာရောက်အပ်နေပါတယ်"ဟု မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲအရာရှိက ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါငွေအတုများ အသုံးပြုကာ နွားများ လိုက်လံဝယ်ယူသူအချို့အား သက်ဆိုင်ရာနယ်မြေစခန်းများအလိုက် ၂၀၁၃ခုနှစ် မြန်မာနိုင်ငံ ဗဟိုဘက် ဥပဒေပုဒ်မ -၁၀၅/၁၀၆အရ အမှုဖွင့်ဖမ်းဆီးထားပြီး ကွင်းဆက်တရားခံများအား လိုက်လံဖော်ထုတ်လျှက်ရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly