အိန္ဒိယမီဒီယာမှာ ဖော်ပြခဲ့တဲ့ ခေါင်းဆောင်နှစ်ဦးရဲ့ စကား

အိန္ဒိယမီဒီယာမှာ ဖော်ပြခဲ့တဲ့ ခေါင်းဆောင်နှစ်ဦးရဲ့ စကား

 

စက်တင်ဘာ ၆ ။              ။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ စက်တင်ဘာ ၆ ရက်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ခေါင်ဆောင်နှစ်ဦး တွေ့ဆုံစဉ် အခြေခံအဆောက်အအုံဆိုင်ရာ ကိစ္စ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကိစ္စ၊ အိန္ဒိယမှာ မြန်မာကျောင်းသားတွေအတွက် အဆင့်မြင့်ပညာရပ်တွေ   လေ့ကျင့်သင်ကြားပေးရေး ကိစ္စစတဲ့ အရေးကိစ္စတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

အောက်ပါတို့ကတော့ အိန္ဒိယမီဒီယာမှာ ဖော်ပြခဲ့တဲ့ ခေါင်းဆောင်နှစ်ဦးရဲ့ tweet တွေဖြစ်ပါတယ်။

 " ကျွန်မတို့ နိုင်ငံမှာ အကြမ်းဖက်မှု လုံ့၀ အမြစ်မတွယ်နိုင်အောင်လို့ ကျွန်မတို့ အတူတကွ လုပ်ဆောင်သွားပါမယ်"- ဒေါ်အောင်ဆန်းစုကြည်

 " ကျွန်မတို့ နိုင်ငံ အကြမ်းဖက်ခြိမ်းခြောက်မှုနဲ့ ကြုံတွေ့လာရချိန်မှာ ကျွန်မတို့နဲ့အတူ ရပ်တည်ပေးတဲ့အတွက် အိန္ဒိယကို ကျေးဇူးတင်ပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါဟာ မြန်မာအစိုးရ ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေကို အိန္ဒိယက အပြည့်အ၀ နားလည်တယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီရဲ့ ပြောစကားကို ရည်ညွှန်းပြောဆိုပေးလိုက်တာလည်း ဖြစ်ပါတယ်။

"မြန်မာရဲ့ ဖွံ့ဖြိုးရေးအားထုတ်မှုတွေကို ကျွန်တော်တို့ ဆက်လက် ထောက်ကူပေးသွားမှာဖြစ်ပါတယ်" - အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ

 " မြန်မာနဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့က အိန္ဒိယရဲ့ ဦးစားပေးကိစ္စတစ်ခုပါ၊ အိမ်နီးချင်းတစ်ဦးအနေနဲ့ရော၊ အရှေ့မျှော်ဝါဒရဲ့ အစိတ်အပိုင်းအဖြစ်ရောအနေနဲ့ပါ" ဆိုပြီး မိုဒီက ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly