ရန်ကုန်တိုင်းအစိုးရ၏ ထပ်တိုးဘတ်ဂျက် ကျပ်သန်း ၄၇ ဘီလီယံကျော်ကို တိုင်းလွှတ်တော်အတည်ပြု

ရန်ကုန်တိုင်းအစိုးရ၏ ထပ်တိုးဘတ်ဂျက် ကျပ်သန်း ၄၇ ဘီလီယံကျော်ကို တိုင်းလွှတ်တော်အတည်ပြု

 

ရန်ကုန် ၊ စက်တင်ဘာ ၅ ။                  ။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထပ်တိုးဘတ်ဂျက်ငွေ ကျပ်သန်း ၄၇.၆ ဘီလီယံ တောင်းခံမှုကို ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တတိယနေ့၌ လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

"ဖြည့်စွက်ရန်ပုံငွေအား တောင်းခံထားသော ဌာနဆိုင်ရာများ နှင့် စိစစ်ညှိနှိုင်းချက်အရ ၁၃၉၅၁၁.၉၂၆သန်းမှ စိစစ်ညှိနှိုင်းချက်အရ ၁၄၂၆.၁၀၁ ကျပ်သန်း လျှော့ချခဲ့ပြီး ၁၃၈၀၈၅.၈၂၅ ကျပ်သန်း  ခွင့်ပြုခဲ့ပါတယ်" ဟု ပြည်သူ့ငွေစာရင်းကော်မတီအတွင်းရေးမှူး ဒေါ်သက်ထားနွယ်ဝင်းက လွှတ်တော် ၌ အဆိုပါ ဘတ်ဂျက်တောင်းခံမှု နှင့် ပတ်သက်ပြီးကော်မတီ၏ဆောင်ရွက်မှုကို    ပြန်လည်ဖြေဆိုခဲ့သည်။

အဆိုပါဘတ်ဂျက်အတွင်းမှ ဖြတ်တောက်ထားသည့် ၁၄၂၆.၁၀၁ သန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပြီး အခြားအရေးကြီးသောနေရာများတွင် သုံးစွဲနိုင်ရန် စီစဉ်နိုင်ခဲ့ကြောင်း ဒေါ်သက်ထားနွယ်ဝင်းက ဆိုသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘတ်ဂျက်ငွေ တောင်းခံမှုများအပေါ်တွင် သေချာစိစစ်ပြီး အမှန်တကယ် လိုအပ်မည့်နေရာများတွင်သာ အသုံးပြုရန် လိုအပ်သည် ဟု ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လွှတ်တော်၌ မှတ်ချက်ပြု ပြောဆိုသည်။

"ဘတ်ဂျက်ကို ခွင့်လည်း ခွင့်ပြုပြီးပါပြီ ၊ ထိထိရောက်ရောက် အသုံးပြုဖို့လည်း လိုပါတယ်။ သေသေချာချာလေး ကြီးကြပ်ပေးဖို့ လိုပါမယ်" ဟု ဦးကျော်ဇေယျက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly