ဖာနန်ဒိုအလွန်ဆိုကို ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် ရီးယဲလ်မက်ဒရစ် ပေးအပ်

ဖာနန်ဒိုအလွန်ဆိုကို ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် ရီးယဲလ်မက်ဒရစ် ပေးအပ်
(ဓာတ်ပုံ - အီးပီအေ)

ဖော်မြူလာဝမ်းပြိုင်ကားမောင်းသမား ဖာနန်ဒိုအလွန်ဆိုကို ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင်တစ်ဦးအဖြစ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ရ စပိန်ပြိုင်ကားမောင်းသမားကို ကလပ်ဂုဏ်ထူးေဆောင် အဖွဲ့ဝင်တစ်ဦးအဖြစ် ချီးမြှင့်တဲ့ အခမ်အနားပွဲကို ဘာနေဗျူးကွင်းမှာ စက်တင်ဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

"ဒီနေ့ပွဲဟာ ကျနော်တို့ရဲ့ ပရိသတ်များနှင့် အဖွဲ့ဝင်များထဲက တစ်ဦးကို ရီးယဲလ်မက်ဒရစ်ကနေ အလေးအမြတ်ပြသကြောင်း ရည်ရွယ်ပါတယ်။ ဒါဟာ ထာဝရ အကြီးမြတ်ဆုံး စပိန်ကစားသမားတွေထဲက တစ်ဦးကို ကျနော်တို့ကလပ်အသင်းမှ အသိအမှတ်ပြုမှုဖြစ်ပါတယ်။"လို့ ရီးယဲလ်ဥက္ကဌ ပီရက်ဇ်က ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ အလွန်ဆိုဟာ ကလပ်နှင့် ပရိသတ်များရဲ့ "ထူးခြားတဲ့ သံတမန်"တစ်ဦးဖြစ်တယ်လို့ ရည်ညွှန်းခဲ့ပါတယ်။

အလွန်ဆိုက မိမိအကြိုက်ဆုံးကလပ်ရဲ့ ဂုဏ်ပြုခဲ့ရတဲ့အတွက် အလွန်ကျေးဇူးတင်ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော် ငယ်ငယ်ကေ အဖေဟာ ရီးယဲလ်ပရိသတ်ကြီး တစ်ယောက်ဖြစ်ခဲ့ပြီး ဒီကလပ်အသင်းရဲ့ တန်ဖိုးတွေကို အဖေက ကျနော်ဆီ သယ်ဆောင်ခဲ့ပါတယ်။"လို့ သူက ပြောပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly