‘ရီးယဲလ်မက်ဒရစ်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တယ်’ - ဟက်ဇက်

‘ရီးယဲလ်မက်ဒရစ်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တယ်’ - ဟက်ဇက်
(ဓာတ်ပုံ - အီးပီအေ)

ချယ်လ်ဆီးအသင်း ကွင်းလယ်လူ ဟာဇက်က ရီးယဲလ်မက်ဒရစ်နှင့် ၎င်းတို့ရဲ့ နည်းပြ ဇီဒန်းကို နှစ်သက်ပြီး ရီးယဲလ်အသင်းဟာ ပြိုင်ပွဲမှာ "အကောင်းဆုံးအသင်း"ဖြစ်ပြီး သူ့အနေနဲ့ လက်ရှိအချိန်မှာ စပိန်ကလပ်အသင်းသို့ ပြောင်းရွှေ့ဖို့ စိတ်ကူးမရှိသေးကြောင်း ပြောဆိုခဲ့ပါတယ်။

ဘယ်လ်ဂျီယံကစားသမားဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ခွင့်ရအောင် အသင်းကို ကူညီခဲ့ပါတယ်။ ဒါပေမယ့် ၎င်းတို့အနေဖြင့် ပြီးခဲ့တဲ့ နှစ်နှစ်ဆက် ချန်ပီယံလိဂ် ချန်ပီယံ စပိန်အသင်းကြီးမှ ကစားသမားများကို ရပ်တန့်ဖို့ ခက်ခဲနေလိမ့်မယ်လို့ သူက ယုံကြနေပါတယ်။

“အခုဆိုရင် ရီးယဲလ်မက်ဒရစ်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်နေပါပြီ"လို့ သူက Marca သတင်းဌာနကို ပြောခဲ့ပါတယ်။

ဟာဇက်က "ဇီဒန်းဟာ ဘောလုံးသမားအဖြစ်သာမက နည်းပြအဖြစ်ပါ ဆုဖလားတွေရယူနိုင်သူဖြစ်တယ်။ သူဟာ အထူးစပယ်ရှယ်တစ်ဦးပါ။ သူ့ကို လူတိုင်းက ကစားသမားတစ်ဦးအဖြစ်လည်း သိကြပါတယ်။ သူဟာ ကွင်းအတွင်းမှာရော ကွင်းအပြင်မှာပါ အရာအားလုံး စွမ်းဆောင်နိုင်တယ်။ ဒါဟာ မှော်ဆန်ပြီး ကွင်းအတွင်းမှာ သူ့ကို မြင်နေရတာ ကျနော် အလွန်ပျော်ရွှင်မိပါတယ်။"လို့ ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ ကစားသမားက လက်ရှိအချိန်မှာ စပိန်ကို ပြောင်းရွှေ့ဖို့ လုံ့ဆော်မှု မရှိသေးကြောင်း အခိုင်အမာ ပြောဆိုပါတယ်။

"ကျနော် အင်္ဂလန်မှာ ပျော်ရွှင်နေပြီး အကောင်းဆုံံးကလပ်အသင်းထဲက တစ်သင်းအတွက် ကျနော် ကစားနေပါတယ်။"လို့ သူက ပြောပါတယ်။

ဟာဇက်ဟာ အပြောင်းရွှေကာလအတွင်း ရီးရဲမက်ဒရစ်အသင်းမှ ခေါ်ယူရန် စိတ်ဝင်စားမှုများခံခဲရသူဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags