နနွင်းစိုက်ပျိုးရေး အပိုင်း (၁)

04 September 2017
နနွင်းစိုက်ပျိုးရေး အပိုင်း (၁)

 

နနွင်းကိုတော့ တောင်ပေါ်ရောမြေပြန့်ပါ စိုက်ပျိုးနိုင်ပါတယ်။

နနွင်းစိုက်ပျိုးမယ့် မြေ ၁ ဧကကိုတော့ နွားချေးလှည်း ၅စီးခန့်ချပြီး ထယ်ထိုးထွန်မွှေ ပေးရပါမယ်။

ထွန်ရေးညက်တဲ့ အခါမှာတော့ အလျားပေ ၃၀ အနံ ၃ပေ အမြင့် ၉လက်မရှိတဲ့ စိုက်ဘောင်တွေ ဖော်ပေးရမှာဖြစ်ပါတယ်။

ဘောင်တွေပေါ်မှာတော့ စိုက်တန်း တစ်တန်းနဲ့ တစ်တန်းကို ၁ပေခန့် ခြားပြီး ကန့်လန့်ဖော်ပေးရမှာဖြစ်ပါတယ်။

နနွင်းခေါင်းကိုဖြစ်စေ နနွင်းတက်ကိုဖြစ်စေ စိုက်ပျိုးနိုင်ပါတယ် တစ်ပင်နဲ့တစ်ပင်ကိုတော့ ၆လက်မခြားပြီး စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။

စိုက်ပျိုးပြီးရင်တော့ အပေါ်က မြေမှုန့်အနည်းငယ် ဖြူးပေးရပါမယ်၊ နွေပိုင်းမှာ စိုက်ပျိုးမယ်ဆိုရင်တော့ စိုက်ပျိုးပြီး ရေသွင်းပေးရမှာဖြစ်ပါတယ်။

စိုက်ပြီး ၇ လကြာတဲ့ အခါမှာ နနွင်းတက်များကို တူးဖော်နိုင်မှာပဲဖြစ်ပါတယ်။ ကြားကာလတွေမှာတော့ ရေအစိုဓာတ်ကိုကြည့်ပြီး လိုအပ်ရင် ရေကိုတကြိမ် နှစ်ကြိမ်သွင်းပေးရမှာ ဖြစ်ပါတယ်။ ရေသွင်းတဲ့ အခါမှာတော့ စိုက်ဘောင်တွေမြုပ်အောင်သွင်း ပေးရန် မလိုအပ်ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly