နေခြည်မှာ ရွှေရည်လောင်း ရုပ်ရှင်ဇာတ်ကား မြန်မာတစ်နိုင်ငံရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ပြသတော့မည်

နေခြည်မှာ ရွှေရည်လောင်း ရုပ်ရှင်ဇာတ်ကား မြန်မာတစ်နိုင်ငံရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ပြသတော့မည်

ရန်ကုန် ၊ စက်တင်ဘာ ။          ။ မင်္ဂလာဇော်ရုပ်ရှင်ထုတ်လုပ်ရေး မှ စီစဉ်ပြီး ဒါရိုက်တာ ဇော်မြင့်ဦး ရိုက်ကူး ပုံဖော်ထားသည့် နေခြည်မှာ ရွှေရည်လောင်း ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်အထိ မြန်မာတစ်နိုင်ငံရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ပြသတော့မည် ဖြစ်သည်။

"နေခြည်မှာ ရွှေရည်လောင်း" ရုပ်ရှင်ဇာတ်ကား အထူးပွဲ ပြသခြင်းကို စက်တင်ဘာလ (၃) ရက်တွင် ရန်ကုန် မြို့ရှိ သမ္မတရုပ်ရှင်ရုံ၌  ကျင်းပပြုလုပ်ခဲ့ပြီး ပါဝင်ကြသည့် သရုပ်ဆောင်များ ၊ မီဒီယာများ တက်ရောက် ခဲ့ကြသည်။

ထိုရုပ်ရှင်ဇာတ်ကားကြီး သည် စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည့် မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော်ကြီးတွင် ပြသရန်အတွက် ရည်ရွယ်ပြီး ရိုက်ကူးပုံဖော်ထားသည့် ရုပ်ရှင်ဇာတ်ကား တစ်ကားလည်း ဖြစ်သည်။

နေခြည်မှာ ရွှေရည်လောင်း ရုပ်ရှင်ဇာတ်ကားသည် စာရေးဆရာ လယ်တွင်းသားစောချစ် ၏ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး ဝတ္ထုကို ဒါရိုက်တာ ဇော်မြင့်ဦး မှ ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးထားကာ ဇာတ်ညွှန်း ဆုသြချယ် ဖြစ်ပြီး သရုပ်ဆောင်များ အဖြစ် ကျော်ထက်အောင်၊ အေးမြတ်သူ၊ ကျော်ကျော်၊ နန်းမြတ်ဖြိုးသင်း၊ ချမ်းမေမြတ်နိုး ၊ ဇော်ဦး၊ ဇင်ဝိုင်း၊ ထူးသာ၊ ညီကျော်၊ ခင်မို့မို့အေး နှင့် သရုပ်ဆောင် များစွာ ပါဝင်အားဖြည့် ထားကြသည်။

ကျောင်းဆရာတစ်ယောက် ၏ တပည့်တွေပေါ် အနစ်နှာခံမှုတွေ မြန်မာနိုင်ငံ ပညာရေးစနစ်အတွက် ဆရာကောင်းတွေ ထပ်ပြီးပေါ်ထွက် လာစေရန်နှင့် မြန်မာ့ရိုးရာ တောဓလေ့ ယှဉ်ကျေးမှုတွေ အလှအပတွေ နှင့် ပရိတ်သတ်များ အတွက် ပညာပေးအသိတွေ အများကြီး ပါဝင်မည့် ရုပ်ရှင်ဇာတ်ကား တစ်ကားလည်းဖြစ် သည်။

မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၁၅ရက်မှ ၂၁ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ထိုရုပ်ရှင်ပွဲတော် အတွက် ရည်ရွယ်ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားများကို   မြန်မာတစ်နိုင်ငံရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ပြသသွားတော့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly