ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ ရခိုင်အရေး ဆွေးနွေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ ရခိုင်အရေး ဆွေးနွေး

ရန်ကုန် ၊ စက်တင်ဘာ ၄ ။           ။ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အင်ဒိုနီးရှား နိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Ms. Retno L.P Marsudi တို့သည် ယနေ့ နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

ယင်းသို့တွေ့ဆုံရာတွင် ပြီးခဲ့သည့် သြဂုတ် လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဖြစ်စဉ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှင်းလင်းဆွေးနွေးခဲ့သည်ဟု သိရသည်။

ယင်းနောက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကိုမှု ထုတ်ပြန်ထားခြင်းမရှိပေ။

ယမန့်နေ့ ညကလည်း အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ပေါက်ကွဲစေတတ်သည့် မီးလောင်ဗုံးဖြင့် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရိုက်တာသတင်းဌာနနှင့် AFP သတင်းဌာနတို့က ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly