မောင်တောအကြမ်းဖက်မှု ရှုတ်ချပွဲ ဒုက္ခသည်များကို အကူအညီပေးရေး တောင်းဆို

မောင်တောအကြမ်းဖက်မှု ရှုတ်ချပွဲ ဒုက္ခသည်များကို အကူအညီပေးရေး တောင်းဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန် စက်တင်ဘာ ၃ ။          ။ ရခိုင်ပြည်နယ်တွင်  ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် နေ့ရပ်စွန့်ခွာ ဒုက္ခသည်များကို ပြန်လည်အခြေချနေထိုင်နိုင်ရေးနှင့်၎င်းတို့၏ လုံခြုံရေးအတွက် အခိုင်အမာဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရသို့  ရခိုင်ကျာင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်) အဖွဲ့ က ဦးဆောင်ပြီး လူငယ်အဖွဲ့ အချို့က ယနေ့ တောင်းဆိုလိုက်သည်။

ယနေ့ညနေ ရန်ကုန်မြို့တွင်ပြုလုပ်သည့် မောင်တောဒေသတွင် အသက်ဆုံးရှုံးခဲ့ရသော နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများအတွက် ဆုတောင်းမေတ္တာပို့သခြင်းနှင့် အကြမ်းဖက်မှုအား   ပြင်ထန်းစွာ ရှုတ်ချခြင်း လှုပ်ရှားမှုတွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ရန်ကုန်-လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့တွင် ပါဝင်ခဲ့သည့့် ကိုဇင်ကိုက "အကြမ်းဖက်မှုတွေကိုဘယ်သူ့ ဘယ်သူကပဲဆောင်ရွက်သည်ဖြစ်စေ၊ ဘယ်အဖွဲ့အစည်းက ဆောင်ရွက်သည်ဖြစ်စေ ၊ဘယ်ပုဂ္ဂိုလ်က ဆောင်ရွက်သည်ဖြစ်စေ ဒါတွေကို ကျွန်တေ်ာတို့ လက်သင့်ခံလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ အေးချမ်းသာယာတဲ့လူ့ဘောင်ကို သွားမည်ဆိုလို့ရှိရင် ဒီအကြမ်းဖက်မှုတွေကို လုံးဝလက်ခံလို့မရဘူးဆိုတာကို ကျွန်တေ်ာက ပြောချင်ပါတယ်"ဟုပြောသည်။

ယင်း ဆုတောင်းစည်းဝေးပွဲတွင်  အကြမ်းဖက်သမား၊ အကြမ်းဖက်ဝါဒ ကျရှုံးပါစေ၊ အကြမ်းဖက်သမားများ၏ နယ်မြေလုယူသတ်ဖြတ်ခံရမှု ချုပ်ငြိမ်းပါစေ၊ မေယုဒေသ အမြန်ဆုံး လုံခြုံအေးချမ်းပါစေ ဆိုသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

ထို့အပြင်အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများအတွက် ဆုတောင်းမေတ္တာပို့သခဲ့ကြပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်နှင်းဆီပန်းများ  ချခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly