ခြေစစ်ပွဲများတွင် ၅၆ ပွဲဆက်တိုက် ရှုံးပွဲမရှိသည့် အီတလီ၏ စံချိန်ကို စပိန်အသင်းရပ်တန့်ပေးခဲ့

ခြေစစ်ပွဲများတွင် ၅၆ ပွဲဆက်တိုက် ရှုံးပွဲမရှိသည့် အီတလီ၏ စံချိန်ကို စပိန်အသင်းရပ်တန့်ပေးခဲ့

စက်တင်ဘာ ၃၊ စပိန် ။              ။ စပိန်နိုင်ငံတွင် ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် စပိန်အသင်းသည် အုပ်စုတွင်း အဓိကပြိုင်ဘက် အီတလီအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။ စပိန်အသင်းအတွက် အနိုင်ဂိုးများကို ရီးယဲလ်ကစားသမား အစ္စကိုက ၂ ဂိုး၊ ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာက တစ်ဂိုးသွင်းယူပေးခဲ့သည်။

အီတလီအသင်းသည် ၂၀၀၆ ခုနှစ်ကတည်းက ခြေစစ်ပွဲများတွင်း ရှုံးနိမ့်ခြင်းမရှိခဲ့သည်မှာ ၅၆ ပွဲအထိ ရှိသွားပြီဖြစ်သည်။ သို့သော်ယခုရှုံးပွဲကြောင့် ၎င်းတို့၏ စံချိန်ရပ်တန့်သွားရပြီ ဖြစ်သည်။

ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု(G) တွင် စပိန်၊ အီတလီ၊ အယ်လ်ဘေးနီးယား၊ အစ္စရေး၊ မက်ဆီဒိုးနီးယားနှင့် လက်ချင်စတိန်းတို့ ပါဝင်ခဲ့ကြသည်။ ယခုကစားသည့်ပွဲစဉ်မှာ ၇ ပွဲမြောက်ပွဲစဉ်ဖြစ်သည့်အတွက် ကစားရန်လက်ကျန်ပွဲ ၃ ပွဲသာ ကျန်ရှိတော့သည်။

လက်ရှိတွင် စပိန်က ၁၉ မှတ်၊ အီတလီက ၁၆ မှတ်၊ အယ်လ်ဘေးနီးယား ၁၂ မှတ်၊ အစ္စရေး ၉ မှတ်၊ မက်ဆီဒိုးနီးယား ၆ မှတ်၊ လက်ချင်စတိန်းက တစ်မှတ်မှ မရသေးပဲ အစဉ်လိုက်ရပ်တည်နေသည်။

ယခုနိုင်ပွဲကြောင့် စပိန်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ရန် သေချာသလောက်ရှိသွားပြီ ဖြစ်သည်။ အီတလီအသင်းမှာမူ Play Off သာ ကစားရတော့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags