မိခင်နို့တိုက်ကျွေးခြင်းအား မြှင့်တင်ရန် မက္ကဆီကိုဆေးရုံများ တွင်နို့မှုန့်တိုက်ကျွေးခြင်းကို တားမြစ်

မိခင်နို့တိုက်ကျွေးခြင်းအား မြှင့်တင်ရန် မက္ကဆီကိုဆေးရုံများ တွင်နို့မှုန့်တိုက်ကျွေးခြင်းကို တားမြစ်

မက္ကဆီကိုအစိုးရက မိခင်များ ကလေးနို့တိုက်ခြင်းကို အားပေးမြှင့်တင်နိုင်ရေးအတွက် ဆေးရုံများတွင် နို့မှုန့်အလကားတိုက်ကျွေးခြင်းအစီအစဉ်ကို တားမြစ်ချက်ထုတ်လိုက်သည်။

နို့မှုန့်ဘူးများကို ဆေးဆိုင်များတွင် ဝယ်ယူနိုင်ဦးမည်ဖြစ်ပြီး ဆရာဝန်ထောက်ခံချက်တောင်းခံရမည်ဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

နိုင်ငံအတွင်း မိခင်နို့တိုက်ကျွေးမှုနှုန်း နည်းပါးကျဆင်းနေခြင်းကို မြှင့်တင်ရန်အတွက် လိုအပ်နေခြင်းကြောင့်ဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားခြင်းဖြစ်သည်။

မက္ကဆီကိုနိုင်ငံသည် လက်တင်အမေရိကတိုင်းပြည်များတွင် မိခင်နို့ရည်တိုက်ကျွေးမှုနှုန်း အနည်းဆုံးဖြစ်ပြီး မိခင်ခုနစ်ဦးတွင် တစ်ဦးနှုန်းမှာ ကလေး ခြောက်လသားအရွယ်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသည့် နှုန်းရှိနေခြင်းဖြစ်သည်။

ကလေးခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကို တိုက်ကျွေးခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားသည်။

ကလေး ခြောက်လတိုင်လွန်ပြီးနောက် မိခင်နို့နှင့်အတူ ဖြည့်စွက်အစာကို နှစ်နှစ်သားအထိ တိုက်ကျွေးသွားသင့်ကြောင်း ဆိုထားသည်။

မက္ကဆီကိုနိုင်ငံသည် ဆင်းရဲမှုပြဿနာနှင့်လည်း ရင်ဆိုင်နေရရာ သန်းပေါင်းများစွာသောပြည်သူများက အလွန်ဆင်းရဲသည့် အခြေအနေဖြင့် နေထိုင်နေကြရပြီး မသန့်ရှင်းသည့် သောက်ရေများကို တစ်ခါတစ်ရံ သောက်သုံးနေရခြင်းများရှိကြောင်း မက္ကဆီကိုကျန်းမာရေးအာဏာပိုင်များက ပြောထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly