ကော်တင်ဟိုအတွက်ယူရိုသန်း ၂၀၀ တောင်းဆိုခဲ့ခြင်းမရှိဟု လီဗာပူးလ်အသင်း ရှင်းလင်း

ကော်တင်ဟိုအတွက်ယူရိုသန်း ၂၀၀ တောင်းဆိုခဲ့ခြင်းမရှိဟု လီဗာပူးလ်အသင်း ရှင်းလင်း

စက်တင်ဘာ ၃၊ အင်္ဂလန် ။         ။ ဘရာဇီးတိုက်စစ်မှူးကော်တင်ဟိုအတွက် ၎င်းတို့က ယူရိုသန်း ၂၀၀ တောင်းဆိုခဲ့သည်ဟု ဘာစီလိုနာအသင်းက ကြေညာခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်း လီဗာပူးလ်အသင်းဘက်က ပြောဆိုလိုက်သည်။

ဘာစီလိုနာအသင်း၏ ဒါရိုက်တာ အဲလ်ဘတ်ဆိုလာက လီဗာပူးလ်အသင်းသည် အပြောင်းအရွှေ့နောက်ဆုံးအချိန်တွင် ပြောင်းရွှေ့ကြေးကို တိုးမြှင့်တောင်းဆိုခဲ့သည်ဟု ပြောဆိုခဲ့သည်။

အသက် ၂၅ နှစ်အရွယ်ရှိကော်တင်ဟိုက အသင်းမှ ထွက်ခွာခွင့်ပြုရန်တောင်းဆိုခဲ့သော်လည်း လီဗာပူးလ်အသင်းက ဘာစီလိုနာအသင်း၏ကမ်းလှမ်းမှုကို သုံးကြိမ်တိုင်ပယ်ချခဲ့သည်။

ဘာစီလိုနာအသင်းဒါရိုက်တာ ဆိုလာက "လီဗာပူးလ်အသင်းက ကော်တင်ဟိုအတွက် ယူရိုသန်း ၂၀၀ တောင်းခဲ့ပါတယ်။ ဒါက ယုတ္တိဗေဒနည်းအရလည်း လက်ခံနိုင်စရာ မရှိပါဘူး။ ကော်တင်ဟိုကိုတော့ ကျေးဇူးတင်ပါတယ်။ ကော်တင်ဟိုက အသင်းပြောင်းနိုင်ဖို့ကို အစွမ်းကုန်ကြိုးစားခဲ့ပြီး ဘာစီလိုနာမှာ ကစားချင်ကြောင်းကို ပြသခဲ့ပါတယ်။ အခြေအနေက ပြီးဆုံးသွားပါပြီ။ ကျွန်တော်တို့ ဘာမှ မလုပ်နိုင်တော့ပါဘူး" ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းဘက်က ပြောဆိုခဲ့ခြင်းသည် လုံးဝမှန်ကန်မှုမရှိကြောင်း အန်ဖီးလ်အသင်းက ဆိုခဲ့သည်။

ဘာစီလိုနာအသင်းသည် ကော်တင်ဟိုအတွက် ပေါင် ၇၂ သန်း၊ ပေါင်သန်း ၉၀၊ ပေါင် ၁၁၄ သန်းဖြင့် သုံးကြိမ်တိုင် ကမ်းလှမ်းခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly