ချယ်လ်ဆီးအသင်း ဆရာဝန်ကာနီရို တာဝန်လက်လွှတ်ရဖွယ်ရှိ

ချယ်လ်ဆီးအသင်း ဆရာဝန်ကာနီရို တာဝန်လက်လွှတ်ရဖွယ်ရှိ

သြဂုတ် ၁၂၊ လန်ဒန် ။         ။ နည်းပြမော်ရင်ဟို၏ဝေဖန်ခြင်းကိုခံရပြီးနောက် ချယ်လ်ဆီးအသင်းဆရာဝန် အီဗန်ကာနီရိုသည် မန်စီးတီးနှင့်ကစားမည့်ပွဲတွင် ပွဲအတွင်း ကုသ ခွင့်တာဝန်ကို လက်လွှတ်ဆုံး ရှုံးရဖွယ်ရှိနေသည်။

ဆွမ်ဆီးနှင့်နှစ်ဂိုးစီသရေကျသည့်ပွဲတွင် ဟက်ဇက်အပေါ်ကုသပုံနှင့်ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြမော်ရင်ဟိုက ၎င်း၏ဆေးအဖွဲ့မှာ အတွေ့ကြုံအားနည်း နုံအသည်ဟု ဝေဖန်ခဲ့သည်။

ကာနီရိုမှာ ချယ်လ်ဆီးအသင်းဆရာဝန်အဖြစ်ဆက်ရှိနေမည်ဖြစ်သော်လည်း တာဝန်ယူရမည့်အပိုင်းမှာ ပြောင်းလဲသွားဖွယ်ရှိနေသည်ဟု တယ်လီဂရပ်ဖ်သတင်းစာက ဖော်ပြခဲ့သည်။

ကာနီရိုအနေဖြင့် ဘောလုံးပွဲများနှင့် လေ့ကျင့်ခန်းအစီအစဉ်များတွင် တာဝန်ယူခွင့်ဆုံးရှုံးရဖွယ်ရှိ နေသည်။ ဆွမ်ဆီးနှင့်ပွဲတွင် ဂိုးသမားကော့တွိုက် ထုတ်ခံထားရသည့် ချယ်လ်ဆီးအသင်းမှာ ဟက်ဇက်၏ ဒဏ်ရာကိုကုသနေစဉ် ကိုးယောက်တည်းဖြင့် ကစားခဲ့ရသည်။

"ကျွန်တော့်ဆေးအဖွဲ့ကြောင့် စိတ်မကျေမနပ်ဖြစ်ခဲ့ရပါတယ်။ သူတို့နုံအခဲ့တယ်။ ဝတ်စုံတာဝန်ခံပဲဖြစ်ဖြစ်၊ ဆရာဝန်၊ အတွင်းရေးမှူးပဲဖြစ်ဖြစ် ကွင်းထဲကခုံတန်းကိုရောက်နေရင် ပွဲကိုနားလည်ဖို့လိုတယ်" ဟုမော်ရင်ဟို ကပြောသည်။

ဟက်ဇက်ဒဏ်ရာရနေစဉ် ကွင်းလယ်ဒိုင်နှင့် ကစားသမားတို့မှ အချက်မပြမီ ချယ်လ်ဆီးဆေးအဖွဲ့က သွားရောက်ကုသခဲ့ခြင်းဖြစ်သည်။ ကစား သမားအနေဖြင့် ကုသမှုခံယူမည်ဆိုပါက ကွင်းပြင်သို့ ထွက်ပေးရမည်ဖြစ်သည်။ သို့ဖြစ်ရာ အခြေအနေကိုမစောင့်ဆိုင်းဘဲ သွားရောက်ကုသခဲ့ သည့်အပေါ် ဆေးအဖွဲ့ကို မော်ရင်ဟိုက စိတ်ပျက်နေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းတွင် ၂၀၀၉ ကတည်းက တာဝန်ယူနေသော ကာနီရိုက ၎င်းဘက်မှထောက်ခံအားပေးခဲ့သည့် ပရိသတ်များကိုကျေးဇူးတင် သည်ဟု တနင်္လာနေ့တွင် ပြောကြားထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly