ကော်တင်ဟိုအတွက် လီဗာပူးလ်အသင်း ယူရိုသန်း ၂၀၀ အလိုရှိခဲ့ကြောင်း ဘာစီလိုနာ ထုတ်ဖော်ပြောဆို

ကော်တင်ဟိုအတွက် လီဗာပူးလ်အသင်း ယူရိုသန်း ၂၀၀ အလိုရှိခဲ့ကြောင်း ဘာစီလိုနာ ထုတ်ဖော်ပြောဆို
(ဓာတ်ပုံ - အီးပီအေ)

စပိန်ရဲ့ အပြောင်းအရွှေ့ နောက်ဆုံးပိတ်ရက် သောကြောနေ့က လီဗာပူးလ်အသင်းဟာ ကွင်းလယ်ကစားသမား ဖိလစ်ပီ ကော်တင်ဟိုအတွက် ယူရိုသန်း ၂၀၀ (ပေါင် ၁၈၃ သန်း) အလိုရှိခဲ့တယ်လို့ ဘာစီလိုနာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယခုနွေရာသီအပြောင်းအရွှေ့မှာ ကိုယ်တိုင်  ပြောင်းရွှေ့ခွင့်တောင်းဆိုခဲ့တဲ့ ကော်တင်ဟိုအတွက် ဘာစီလိုနာအသင်းဘက်မှ သုံးကြိမ်တိုင်တိုင် ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းက ပယ်ချခဲ့ပါတယ်။

"လီဗာပူးလ်ဘက်က ယူရိုသန်း ၂၀၀ အထိ တောင်းဆိုခဲ့ပြီး ဒါကို ကျနော်တို့က လက်မခံခဲ့ပါဘူး။"လို့ ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုတ်တာ အဲလ်ဘတ်ဆိုလာက ပြောပါတယ်။

"ကစားသမားရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျနော်တို့ ကျေးဇူးတင်ပါတယ်။ သူက ကြီးမားတဲ့ ကြိုးပမ်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး ကျနော်တို့အတွက် ကစားပေးဖို့ သူအလိုရှိကြောင်း ပြသခဲ့လို့ပါ။"

"'ဒါပေမယ့် အခြေအနေက အဆုံးသတ်ခဲ့ပါပြီ။ ကျနော်တို့ တခြားဘာမှ လုပ်ဆောင်နိုင်ခြင်းလည်း မရှိတော့ပါဘူး"ဟု သူက ထည့်သွင်းပြောခဲ့ပါတယ်။

Source: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags