အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းမှ အသည်းကျန်းမာရေးအတွက် ဖြေကြားပေးခြင်း အပိုင်း(၃)

အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းမှ အသည်းကျန်းမာရေးအတွက် ဖြေကြားပေးခြင်း အပိုင်း(၃)

မဇ္ဈိမ - ဟုတ်ကဲ့ပါ ဆရာကြီးခင်ဗျား နောက်တစ်ယောက်က မေးလာတာကတော့ .. ဘီပိုးတွေ့တာ ၁၂ နှစ်ရှိပါပြီတဲ့။ အသည်းအားဆေး နေ့တိုင်းသောက်ပါတယ်။ Ultrasound ရိုက်ကြည့်ပါတယ်။ အသည်းပုံစံက ကြီးတာသေးတာ ဘာမှမဖြစ်ပါဘူး။ မပြောင်းလဲဘူးလို့ ပြောပါတယ်။ ဒါပေမယ့် နှစ်က ကြာနေတော့ စိတ်ပူလာလို့ပါ။ အန္တရာယ်ရှိလား သိချင်လို့ပါ။ နေလို့တော့ ကောင်းပါတယ်လို့ မေးလာပါတယ် ခင်ဗျ။

Prof: Khin Mg Win - ဘီပိုးက ကျွန်တော်က ထပ်ပြောကြည့်မယ်။ တစ်နေ့ကို ၁၀၀ ဘီလီလျံ ပွားနေပါတယ်။ လှိုက်စားနေမှာ။ နောက်တစ်ခု လွယ်လွယ်လေးပဲ ဘီပိုးကို ပျောက်တဲ့ ကုသတဲ့ဆေးတွေကလည်း အကုန်ရှိနေပြီ။ ဥပမာ ကျွန်တော်တို့က Tenofovir ဆိုတဲ့ ဆေးပေါ့။ Tenofovir တောင်မှ သာမရိုးကျ သုံးတာက tenofovir disoproxil fumarate (TDF) ပေါ့။ အဲထက် နောက်ဆုံးပေါ် tenofovir alafenamide ဆိုတဲ့ စင်ကာပူမှာ မရှိသေးဘူး။ ယိုးဒယားမှာ မရှိသေးဘူး။ အခု အဲ့ဒီဆေးတောင် မြန်မာပြည်မှာ ရောက်နေပြီ။ အဲတော့ ဒီလို ဆေးလေးတစ်လုံး သောက်ရုံနဲ့ အသည်းခြောက် အသည်းကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်တဲ့ ရောဂါပဲ။ အဲတော့ ပြောမယ်။ အမေရိကန် ဂိုက်လိုင်း၊ ဥရောပ ဂိုက်လိုင်း၊ ဟာ မင်း မပေးနဲ့။ ALT တက်မှ ပေးရမယ်။ ASC တက်မှ ပေးရမယ်။ အေး ဟုတ်ပြီ ငါတို့ဆီမှာ ဘီပိုးရှိတဲ့ သူတွေ ၈၀ ရာခိုင်နှုန်းက တောမှာ တောနေ လူတန်းစား မီးမရှိဘူး။ လယ်ထွန်နေရတာ။ မင်းကိုခေါ်ပြီးတော့ လာ ALT က ဘယ်လောက် DNA ကောင်က ဘယ်လောက် အဲဒါ ဆိုရင် မင်းငါ့ဆီကလူတွေ ၈၀ ရာခိုင်နှုန်း ကျွန်တော် ပြည်ပြည်ဆိုင်ရာ အစည်းအဝေးမှာ ပြောခဲ့တယ်။ ငါတို့ဆီက လူတွေ ၈၀ ရာခိုင်နှုန်းဟာ ဘာကုသမှ ခံယူခွင့် ရမှာ မဟုတ်ဘူး။ အဲလို ဖြစ်နေမှာပေါ့။ သောက်ပေါ့။ ကျွန်တော့်ရဲ့ အရမ်းရင်းနှီးသော မိတ်ဆွေ အသည်းပါရဂူ ဘီပိုးရှိတယ်။ ဘာမှ မပြောဘူး။ ၂၀၁၅ အမေရိကန်ကို သွားတယ်။ ပြန်လာတော့ ဒီကောင်တစ်မျိုးပေါ့။ မင်းသွေးတွေ ဘာတွေ စစ်အုံးကွာ ဆိုပြီး နှစ်ပတ်လောက် ကြာတော့ ကောင်ရေ မင်းကို ငါ စိတ်မကောင်းစရာ သတင်းပြောရအုံးမယ်။ အသည်းကင်ဆာ နောက်ဆုံး အဆင့်တဲ့ကွာ။ ဘယ်သူလဲ။ ငါတဲ့။ ဟာ မင်းက ဘာဖြစ်လို့လဲ။ ငါဘီပိုးရှိတာ ကြာပြီကွ။ အနှစ် ၂၀ ကျော်ပြီတဲ့။ မကုသဘူး။ သုံးလပဲ ခံတယ်။ ဆုံးသွားရော။ ဒါ မေးခွန်းမေးတဲ့သူကို ကြောက်အောင် ပြောတာ မဟုတ်ဘူး။ လွယ်လွယ်လေးပဲ။ ဘာမှ ဆရာဝန်နဲ့ မပြနိုင်ဘူးဆိုရင်လည်း Tenofovir ဆိုတဲ့  ဆေးလေးကို တစ်နေ့ တစ်လုံး သောက်ထားရင် အလွန်းဆုံး နောက်ထပ် သောက်ရရင် သုံးနှစ်ပဲ။ အဲလောက်ဆိုရင် ဘီပိုး လုံးဝ ပျောက်တဲ့ ဆေးတွေက ပေါ်ပြီ။ အဲလို ဆေးလေး သောက်ထားရုံနဲ့ကို အသည်းကင်ဆာကို ကာကွယ်နိုင်ပါတယ်။ ဒီထက် နည်းနည်းလေး စနစ်တကျ ကုချင်ရင်တော့လည်း သက်ဆိုင်ရာ အသည်းပါရဂူနဲ့ ပြပါ။ ဒီထက် အကောင်းဆုံးဆေးကို သောက်ချင်တယ်ဆိုရင် tenofovir alafenamide ဆိုတဲ့ ဆေးကို သောက်ပါ။ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။ နှစ်ပေါင်းမျာစွာလည်း သောက်လို့ ရတယ်။ ပိုလည်း စွမ်းအင် အာနိသင်လည်း ကောင်းတယ်။ ဒါကြောင့် ကောင်းနေလို့ဆိုပြီးတော့ မကုလည်း မနေပါနဲ့။ ဘယ်ချိန်မှာ ထဖောက်ပြီး အကောင်းကြီးကနေပြီးတော့ ဝုန်းဆို ရောဂါ ပေါ်လာနိုင်တဲ့ အခြေနေမျိုး ဖြစ်တတ်တဲ့ ဘီပိုးကို ကြောက်လိုက်စမ်းပါလို့ သတ်လည်း သတ်နိုင်ပါတယ်။ လွယ်လွယ်ကူကူလေးပါလို့ ။

မဇ္ဈိမ - ဒါဆို ဆရာကြီး ပြောတဲ့ ဆေးပေါ့နော်။ ဘယ်လို လူတွေ သောက်သင့်တာလဲ ခင်ဗျ။

Prof: Khin Mg Win - ကျွန်တော် အခုနက ပြောသလိုပေါ့။ အမေရိကန် ဂိုက်လိုင်းကို ဖတ်မယ်။ ပြင်သစ် ဂိုက်လိုင်းကို ဖတ်မယ်။ အာရှ/ပစိဖိတ် ဂိုက်လိုင်းကို ဖတ်မယ်ဆိုရင် ဒီလူဟာ သွေး တစ်လ တစ်ခါ ဖောက်ကြည့်ရင် ALT တက်ရမယ်။ အာထရာဆောင်းမှာ အသည်းခြောက်နှုန်းကို တိုင်းကြည့်လို့ ရှိရင် အသည်းခြောက်နှုန်းက သုံးနှင့်လေးကြား ဖြစ်ရမယ်။ ဒါတွေ လုပ်မနေနဲ့။ တောကလူ ဘယ်သူမှ မလုပ်နိုင်ဘူး။ ဘီပိုးရှိပြီဆိုတာ သေချာတာနဲ့ အဲတစ်လုံးသာ သောက်ထားတော့။ အဲလူ အသည်းကင်ဆာ မဖြစ်ဖို့ရာ ၇၀ ရာခိုင်နှုန်းအထက်မှာ ကာကွယ်ပြီးသား ဖြစ်တယ်ဆိုတာ ကျွန်တော် ပြောချင်တယ်။ ဘီပိုးရှိရင် သောက်ကို သောက်ရမယ်။ မနက်စောစောက တစ်လုံးသောက် သောက်ပြီး နာရီဝက်လောက်ကြာမှာ အစာစား ပြီးပြီ။

မဇ္ဈိမ - သုံးနှစ်တိတိ သောက်ရမှာလား ခင်ဗျ။

Prof: Khin Mg Win - သုံးနှစ်တိတိဆိုတာ ဆရာဝန်နှင့် ပြရင်တော့ တစ်မျိုးပေါ့လေ။ မပြချင်သေးဘူး ကိုယ့်ဟာကိုယ် သောက်တာ အလွန်ဆုံး သုံးနှစ်ကနေ ငါးနှစ်လောက်အတွင်းမှာ လုံးဝ ပျောက်တဲ့ ဆေးဆိုတာ ပေါ်တော့မှာပါ။

မဇ္ဈိမ - ဆိုတော့ ဘီပိုး မတွေ့ခင် ကြိုပြီး သောက်ထားလို့ ရလား။ သာမန်လူတွေ အနေနဲ့ပေါ့။

Prof: Khin Mg Win - အဲလိုတော့ မလိုပါဘူး။

မဇ္ဈိမ - အဲတော့ အခြားသူတွေ မေးထားတဲ့ မေးခွန်းကိုလည်း မေးခွင့်ပြုပါ ဆရာကြီး။ ကိုစိုးလင်းဆိုတဲ့ အမျိုးသား တစ်ယောက်ကတော့ သွေးစစ်တာ စီပိုးတွေ့ပါတယ်တဲ့. ဘယ်လို ဆက်ကုရမလဲ ဆိုတာ ဖြေကြားပေးပါတဲ့။

Prof: Khin Mg Win - စီပိုးတွေ့တယ်ဆိုတာ ဘာကို ပြောတာလဲဆိုတော့ anti-hcv antibody positive ဆိုတာကို ပြတာ။ ဒါဟာ စီပိုး မဟုတ်ဘူး။ ဒါပေမယ့် တစ်ကမ္ဘာလုံးမှာတော့ စီပိုးလို့ ယျေဘုယျအားဖြင့် ပြောတယ်။ တကယ့် စီပိုး အကောင်ရှိမရှိ စစ်လည်း စစ်ရော HCV RNA အကောင်စစ်မယ်။ အကောင်စစ်တော့မှ အကောင်က ၂၀၀၀ အောက်လောက်ဆိုရင် ဘာမှ လုပ်စရာ မလိုဘူး။ ဒါပေမယ့် ပိုး တစ်ကြိမ်တစ်ခါ ဝင်ခဲ့ဖူးသည့်အတွက် ၆လ တစ်ခါတော့ စီပိုး နှင့် ပတ်သက်တဲ့ အသည်းခြောက်သလား ဒါတွေ စစ်နေရမှာပေါ့။ သို့သော် အကောင်က ၂၀၀၀ ကျော်တယ်။ သိန်း ၁၂၀ သိန်း ၁၅၀ ပိုးကို သေအောင် သတ်ရမယ်။ မသတ်ရင် စီပိုးပွားနှုန်းက ဘီပိုးထက် များတယ်။ တစ်နေ့ကို 105 ဘီလီယံပွားတာ။ အဲတော့ ပုံမှန် လုပ်သင့်တဲ့ ဟာကတော့ ဘာမှ ဒီ စီပိုး အကောင်ရေ တွေ့ပြီဆိုတာနဲ့ နောက်တစ်ဆင့်က စီပိုး အမျိုးအစားဆိုတာ စစ်ရမယ်။ genotype ရှမ်းလား ဗမာလား ကချင်လား ကရင်လားပေါ့။ genotype မှာ စီပိုး အမျိုးအစားက 1,2,3,4,5,6, ခွဲခြားမရ ၇ မျိုးရှိတယ်။

Prof: Khin Mg Win - 1,2,4,5 က ကုရတာ အရမ်းလွယ်တယ်။ 3,6 ဒါမှ မဟုတ်ခွဲခြားမရ ကုရတာ နည်းနည်းခက်တယ်။ ဘယ်လောက်ကျမလဲ ဆရာဆိုရင်။ နှစ်သိန်းကျော်လောက် ကျနိုင်တယ်ဆိုတော့ ဆရာ အဲလောက်ကြီးတော့လည်း ကျွန်တော် မတတ်နိုင်ဘူးဆရာ။ အေး မတတ်နိုင်ရင် မင်းတန်းကု တန်းကုလည်း ရတယ်။ ခုခေတ်က sofosbuvir and velpatasvir နှစ်ခု ပေါင်းထားတဲ့ ဆေးကို ribavirin နှင့် တွဲကုမယ်ဆိုရင် သုံးလတိတိသောက် လုံးဝ ပျောက်ဖို့က ၉၉.၉၉ ရာခိုင်နှုန်းလောက် သေချာတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။ အဲတော့ တစ်ခု ပြန်ပြောရမယ်ဆိုရင် စီပိုးရှိပြီလို့ ပြောလိုက်တာနဲ့ တစ်ပြိုင်တည်း Vrial Load RNA စစ်၊ အဲစစ်တဲ့ နေရာမှာလည်း စက်မျိုးစုံ ရှိတယ်ပေါ့နော်။ စက်ကောင်းရှိတယ်။ စက်ညံရှိတယ်။ အဲလို မျိုးစုံတော့ ရှိတာပေါ့။ ဘယ်လို ဆေးခန်းကြီးမှာ ဘယ်လို စစ်နဲ့ စစ်လည်း ဆိုတာတော့ ဘာပဲစစ်စစ် ပိုးကောင်ရေရှိပြီ ၂၀၀၀ ထက် များပြီဆိုတာနဲ့ တစ်ပြိုင်နက် အမျိုးအစား စစ်နိုင်ရင် စစ်။ အမျိုးအစား မစစ်နိုင်ရင် တန်းကု ဘာမှ စဉ်းစားမနေနဲ့။ sofosbuvir and velpatasvir နှင့် ribavirin တွဲသောက် သုံးလ ကုလိုက် ပျောက်ပြီ။ အဲတာ ကျွန်တော်တို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်း အစာအိမ်နှင့် ရောဂါ အူလမ်းကြောင်း အဖွဲ့က နေပြီးတော့ အသည်းရောင် အသားဝါ စီပိုး ကုသမှု လမ်းညွှန်ဆိုတဲ့ စာအုပ် မှာ ဒီအတိုင်း ရေးထားပါတယ်။

Prof: Khin Mg Win - ကျွန်တော်တို့က ဆေးသစ်တွေက ပေါ်နေပြီ ဒါပေမယ့် အရေးကြီးဆုံးက အမေရိကန်ပြည်ထောင်စုမှာ  စီပိုးရှိတဲ့ သူတွေ အားလုံးရဲ့ ၅ ရာခိုင်နှုန်းပဲ ကုသမှု ခံယူရတယ်။ အမေရိကန်တောင် ၅ ရာခိုင်နှုန်းပဲ ကုသမှု ခံယူရတယ်။ ကျွန်တော်တို့က တတ်နိုင်သရွေ့ များများ အလွယ်ဆုံး နည်းစနစ်နဲ့ ပြည်သူ့လူထုကြားကို ဆင်းပြီးတော့ ပြည်သူလူထု နားလည်မယ့် စကားလုံးတွေနဲ့ ပြည်သူလူထုကို ထိရောက်တဲ့ ကုသမှု ပေးချင်တာ။ ပြောရမှာက အရင်ဆုံးက ကုတယ်ဆိုတာ ထိုးဆေးနဲ့ ကုရတာ သိန်းတစ်ရာလောက် ကုန်တယ်။ ဘေးထွက်ဆိုးကျိုးတွေလည်း အများကြီး အခုက ဘာမှကို မစစ်နဲ့ ဒီဆေးလေးပဲ သောက် တစ်နေ့ တစ်လုံးသောက် သုံးလ သောက်ပြီးပြီဆို ပျောက်ပြီ။ အဲလို ပြောရမှာ။

မဇ္ဈိမ - ဆရာကြီးခင်ဗျာ။ သူရဲ့ကုန်ကျစရိတ်က ဘယ်လောက်ထိ ရှိနိုင်လဲ။

Prof: Khin Mg Win - ကုန်ကျစရိတ်က သုံးလစာကို ၁၅ သိန်းပတ်ဝန်းကျင်ပေါ့။ ဒါပေမယ့် အဲဒါကို ပြောအုံးမယ်။ အဲဆေးတစ်ပြားကို စင်ကာပူမှာ ဝယ်မယ်ဆိုရင် တစ်ပြားကို စင်ကာပူဒေါ်လာ ၁၀၀၀ ကျမယ်။ ကျွန်တော်တို့က သုံးလစာမှ ၁၅ သိန်းပဲ ကျတယ်။

မဇ္ဈိမ - အလွယ်တကူ ရနိုင်လား ဆရာ၊

Prof: Khin Mg Win - ရနိုင်ပါတယ်။

မဇ္ဈိမ- ကျွန်တော် စိတ်ဝင်စားတဲ့ မေးခွန်းတစ်ခု ရှိတယ် ခင်ဗျ။ ဆရာကြီး ဖြေကြားပေးစေလိုပါတယ်။ ဆရာကြီး ပြောသွားတဲ့ အထဲမှာ စီပိုးဆိုတာက သူရဲ့ ပွားနှုန်းက ၁၅၀ ဘီလီယံလောက် ရှိတယ်ပေါ့။ အဲပွားနှုန်းဟာ ကျား၊ မ ပေါ်မှာ မူတည်ပြီးတော့ ပွားနှုန်း ပြောင်းလဲ ရှိလား။ ပြီးတော့ သူပွားနှုန်းသည် ဥပမာ လူရဲ့ စားသောက်မှု ပေါ် မူတည်ပြီးတော့ အဲပွားနှုန်းက သက်ရောက်မှု ရှိလား။ ဘယ်လို အခြေနေမျိုးမှာ အဲပွားနှုန်းက ဖြစ်ပေါ်တာလဲ။ လူအားလုံးက ဒီပွားနှုန်း တူတူပဲလား။

Prof: Khin Mg Win - ဟုတ်တယ်။ ဒါလည်း မေးသင့်တဲ့ မေးခွန်းပဲ။ နံပါတ် (၁) အရက် အရက်နှင့် တွေ့တာနဲ့ ပိုးက ပိုပွားတယ်။ ပိုးပွားယုံ မကဘူး။ အရက်နှင့် တွေ့တာနဲ့ အသည်းထိခိုက်မှုနှုန်းကလည်း ပိုများတယ်။ ပိုလည်း ပွားတယ်။ ပိုလည်းများတယ်။ နောက် ကိုယ်ခံအားကို ကျစေတဲ့ ဆေးတွေပေါ့။ ကင်ဆာဆေးလို ဟာမျိုးတွေ ကိုယ်ခံအား ကျစေသော ဆေးအားလုံးဟာ ပွားနှုန်းကို ပိုများစေတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်လောက်ပဲ များများ ကျွန်တော်တို့ ခုခေတ်ပေါ် ဆေးတွေနဲ့တော့ ကျွန်တော်တို့က မကြောက်တော့ဘူး။ ၃ သန်းလည်း ရတယ်။ ၂ သန်းလည်း ရတယ်။ အခု ၃ သန်း ဒီဆေးကိုစား ၄ ပတ် သောက်ပြီးတာနဲ့ သုညပဲ။ တစ်ကောင်မှ မရှိတော့ဘူး။ ဆရာ ဟုတ်မှ ဟုတ်ပါ့မလား ဆရာ။ ဟုတ်တယ် မင်း ငါပြောတာ ယုံ။ လူနာက မယုံဘူး ဖြစ်နေတယ်။ ပြီးခဲ့တဲ့ တစ်လ လာတုန်းက ၃ သန်း အခု မရှိဘူး ဖြစ်နေတယ်။ ဒါပေမယ့် မင်း ရပ်လို့ မရဘူး။ သုံးလ လို့ အပြည်ပြည်ဆိုင်ရာက သတ်မှတ်ထားရင် မင်း သုံးလပဲ သောက်ရမယ်။ အခု ပျောက်တာကိုလည်း မလိုချင်ဘူး။ ဆေးစားရလို့ ပျောက်တာကိုလည်း မလိုချင်ဘူး။ ရာသက်ပန် တစ်သက်လုံး စီပိုးဆိုတာ မပေါ်တော့အောင် ပျောက်သွားအောင် အဲဒါကို လိုချင်တာ။

Prof: Khin Mg Win - ဒီနားမှာ နည်းနည်းလေး ဖြတ်ပြောချင်သေးတယ်။ ဘီပိုးနှင့် စီပိုးက နည်းနည်းလေးကွာတယ်။ ဘီပိုးက အသည်းစ ရောင်ပြီဆိုရင် သုံးလေး ငါးနှစ်အတွင်းမှာ ကင်ဆာဖြစ်တယ်။ နာတာရှည်တော့ သယ်နေမယ်။ ဖြစ်လာပြီးတော့ အသည်းမရောင်သေးဘူး။ အသည်းရောင်တဲ့ အဆင့်ကို ရောက်ပြီဆိုရင် ငါးနှစ်လောက် ဖြစ်တယ်။ စီပိုးက အဲလို မဟုတ်ဘူး။ တဖြေးဖြေး တစိမ့်စိမ့်နဲ့ ဆယ်နှစ်/ဆယ်ငါ့နှစ် အသည်းခြောက် ကင်ဆာဖြစ်တာ။ အဲတော့ ဆရာ ဒေါ်လာဈေးလည်း ကောင်းနေလို့ ကျွန်တော် သင်္ဘောလိုက်ချင်တယ် ဆရာ ရလား။ ရတယ်။ အချိန်ရတယ်။ ဆေးဖိုးက ကုလို့ အချိန်ရသေးတယ်။ ချက်ချင်း မဖြစ်တတ်ဘူး။ ဘီပိုးက ပိုကြောက်ဖို့ ကောင်းတာ။ အဲတော့ စီပိုးကတော့ အခုခေတ်မှာ စီပိုးရှိတဲ့ သူတွေကို ပြောလေ့ရှိတာတော့ မင်း ပျောက်ပြီသာ စိတ်ထဲမှာ ထားလိုက်တော့ကွာ။ လုံးဝ ပျောက်ပြီပဲ။ အဲဒါ ကောင်းတာ အခု တစ်ချို့ဆေးတွေက ကပ်လေးတွေနဲ့ လာတော့ တစ်ပတ်စာလည်း ဝယ်လို့ ရတယ်။

Prof: Khin Mg Win - ဒီနေရာမှာ ကျွန်တော် အရမ်းလုပ်ချင်တာ တစ်ခု ရှိတယ်။ ဘယ်သူနဲ့ ဘယ်လို ပြောပြီး ဘယ်လို လုပ်ရမယ် မသိဘူး။ ကျွန်တော်တို့ ဖုန်းတွေ ဝယ်တယ်။ ဘယ်ဘဏ်က ဘယ်လောက်အရစ်ကျ နဲ့ ဒီဟာကို အရစ်ကျ လုပ်ပါလားလို့။ သေချာတယ်။ လူနာကလည်း ပျောက်သွားရင် ပျော်ပျော်ကြီးနဲ့ ပြန်စပ်မှာ အကုန်လုံး။ ပျောက်လည်း ပျောက်တယ်။ သုံးလစာကိုလည်း ဆေးကတော့ သုံးလစာ ဒါပေမယ့် အရစ်ကျကို တစ်နှစ်ထားမလား။ ဘယ်လိုထားမလဲ။ နည်းနည်းပါးပါး ဆိုပါစို့ လူ တစ်ရာလုပ်ရင် ငါးယောက်လောက်က ပြန်မပေးရင် နေပါစေပေါ့။ ရှုံးလည်း ရှုံးပါစေပေ့ါ။ ဒါက မြတ်ဖို့ လုပ်တာ မဟုတ်ဘူးလေ။ ဖုန်းတွေမှာ အရစ်ကျပေးတယ်ဆိုတာ အတိုးနှုန်းနဲ့ မြတ်ဖို့ လုပ်တာ။ ဒါကတော့ မြတ်ဖို့ လုပ်နေတာ မဟုတ်ဘူး။ ၁၅ သိန်းလောက်ပေါ့။ အဲတာလေးကို နည်းနည်းလေး ထုတ်ပေးထားပြီးတော့ တစ်နှစ်လောက်နဲ့ ပြန်ဆပ်ပါဆိုရင် ကုနိုင်တဲ့သူ အများကြီး ပေါ်လာမယ်။ တာဝန်ခံလုပ်မယ့် ဘဏ်တစ်ခုခုက ခေါင်းဆောင်ပြီး လုပ်လိုက်စမ်းပါ လို့ ဘဏ်အားလုံးကို တိုက်တွန်းချင်တယ်။ မန်နေဂျာတစ်ယောက်လောက်ကို တာဝန်ပေးထားလိုက် မင်းဒီ စီပိုးသွားကုကွာ။ ဆေးခန်းတစ်ခုခုနဲ့ ချိတ်ထားလိုက်။ ဥပမာ ဆမ်ဆောင်းဆိုလည်း ဆမ်ဆောင်း ရောင်းတဲ့ ဆိုင်တစ်ဆိုင်နဲ့ ချိတ်ပေးထားလိုက်။ ဆိုင်က တာဝန်ယူပြီး လုပ်ပေးပေါ့။ ပြန်ဆပ်မှာပါ မဆပ်ဘဲလည်း မနေဘူး။ ကုသစရိတ် အားလုံးကို ဘယ်လောက် ထုတ်ပေးမယ်ဆိုပြီးတော့ အဲတာ လုပ်လိုက်ရင် ကုသတဲ့ နှုန်းက တအားတက်လာမှာ။

မဇ္ဈိမ - Rose Lilly ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မေးထားပါတယ်။ ဘီပိုးကာကွယ်ဆေးကို ၂၀၁၁ ခု ၁၀ လပိုင်းမှာ စထိုးခဲ့ပါတယ်။ ၂၀၁၆ ခု ၁၀ လပိုင်းမှာ ငါးကြိမ်မြောက် ထိုးခဲ့ပါတယ်။ ကာကွယ်ဆေး ထပ်ထိုးဖို့ လိုသေးလား။ ဆေးထပ်ထိုးရမယ်ဆိုရင် ဘယ်အချိန်မှာ ဘယ်လို ထိုးရမယ်ဆိုတာကို ကျေးဇူးပြု၍ ဖြေကြားပေးပါဆရာ။

Prof: Khin Mg Win - Rose ရေ အများပြည်သူရဲ့ ခေါင်းထဲမှာ စွဲနေတာက ငါးနှစ်ကြာရင် ပြန်ထိုးရတယ်။ အဲလို အယူအဆ မဟုတ်ဘူး။ ဒီနေရာမှာတော့ ဆရာက ဒီလို နှစ်မျိုး ပြောချင်တယ်။ ဆရာမ္ဘာ့ကျန်းမာရေး အဖွဲ့လို ဟာမျိုးရောက်တော့ လူတစ်ကမ္ဘာလုံးကို သန်းနှင့်ချီ ဆက်ဆံရတာ ဆိုတော့ အကြံဉာဏ်တစ်မျိုး ပေးရတယ်။ အဲတာကတော့ ငါးနှစ်ကြာရင် တစ်လုံး ထိုးလိုက်ပါပေါ့။ ဒါပေမယ့် Rose က ဆရာဆေးခန်းလာပြီး ဒီလို သီးသန့် အကြံဉာဏ် တောင်းတယ်ဆိုရင်တော့ အဲလို မဟုတ်ဘူး Rose ရေ ကာကွယ်ဆေး ထိုးပြီးတာနဲ့ Anti-Body  ဆိုတဲ့ ကိုယ်ခံအားကို စစ်လိုက် မင်း တစ်ထောင်ကျော်နေရင် နောက် သုံးနှစ် ဘာမှ ထိုးစရာ မလိုတော့ဘူး။ တစ်ထောင်အောက်ဆိုရင်တော့ ထိုးလိုက်အုံး။ အဲတော့ ဆရာပြောလိုက်မယ်။ တစ်ထောင်ထားလိုက်မယ်။ ကိုယ်ခံအား တစ်ထောင်ထက် ဆိုရင် သုံးနှစ်အတွင်းဘာမှ မပူတော့နဲ့ ဘယ်လိုမှ မကူးဆက်နိုင်ဘူး။ ပိုးရှိတဲ့ သွေးပုလင်းကြီး တစ်ပုလင်း သွင်းလည်း မကူးဘူး။ အဲတော့ တတ်နိုင်ရင်တော့ Anti-Body  လေး စစ်ကြည့်လိုက်ပါလို့ ။

အပိုင်း (၄) ဆက်လက် တင်ဆက်ပေးပါမည်။

အပိုင်း (၁) ပြန်လည် ကြည့်ရှု့ရန် - http://mizzimaburmese.com/article/31448

အပိုင်း (၂) ပြန်လည် ကြည့်ရှု့ရန် - http://mizzimaburmese.com/article/31488

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly