အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် တာမွေမြို့နယ်တွင် သေဆုံး

အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် တာမွေမြို့နယ်တွင် သေဆုံး

ရန်ကုန်၊ စက်တင်ဘာလ ၂ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ မေတ္တာမွန်အိမ်ရာဝန်းအတွင်းရှိ လမ်းမပေါ်တွင် အသက်(၃ဝ)နှစ်ခန့် အမည်မသိ အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က  ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် တာမွေမြို့မရဲတပ်ဖွဲ့က အဆိုပါ အမည်မသိ အမျိုး သားကို လမ်းမပေါ်တွင် ဝမ်းဗိုက်ယာ ဘက်ထိုးသွင်း ဒဏ်ရာ ၂ ချက်၊ ယာပေါင်ပြတ်ရှဒဏ်ရာ ၂ ချက်၊ ယာ တင်ပဆုံထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် ပက်လက်အနေအထားသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ သေဆုံးသူအမျိုးသားမှာ အရပ် ၅ ပေ၊ ၄ လက်မခန့်ရှိ တီရှပ်အနက်ရောင်၊ ဘောင်းဘီတိုအနက်ရောင် ဝတ်ဆင်ထားပြီး ၎င်းအနီးတွင်လည်း အနက်ရောင်ယောင်္ကျားကိုင် ထီးတစ်ချောင်း တွေ့ရှိရကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူအမျိုးသားနှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိခြင်းမရှိသေးဘဲ သိရှိသူများ အနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး 199၊ ၀၁-၂၃၂၃၁၉၉ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၀၁-၈၆၁၀၆၈၂၊ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၀၁-၅၅၆၈၆၂၊ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ၀၉-၄၀၀၄၀၇၇၂၂၊ တာမွေ ညမြို့မရဲစခန်း ၀၁-၅၅၆၇၇၁၊ တာမွေမြို့မရဲစခန်းမှူး ၀၉-၂၅၀၃၀၁၆၁၁ များသို့ ဆက်သွယ်အကြောင်းကြားနိုင် ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly