အရက်မူးပြီး ကားမောင်းသောကြောင့် ဝိန်းရွန်နီ အဖမ်းခံရ

အရက်မူးပြီး ကားမောင်းသောကြောင့် ဝိန်းရွန်နီ အဖမ်းခံရ

စက်တင်ဘာ ၂၊ ချက်ရှိုင်းယား။         ။ ယခုနှစ်ဘောလုံးရာသီတွင် မန်ယူအသင်းမှ အဲဗာတန်သို့ပြောင်းရွှေ့ခဲ့သော အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီမှာ သောကြာနေ့နံနက်ပိုင်းက အရက်မူးပြီး ကားမောင်းသောကြောင့် အဖမ်းခံခဲ့ရသည်ဟု ချက်ရှိုင်းယားရဲတပ်ဖွဲ့ကအတည်ပြု ထုတ်ပြန်ခဲ့သည်။

အဲဗာတန်တိုက်စစ်မှူးမှာ အင်္ဂလန်လက်ရွေးစင်ကစားသမားအဖြစ်မှ အနားယူပြီဟုကြေငြာထားပြီး ကစားသမားဘဝစတင်ရာ အဲဗာတန်အသင်းတွင်ခြေစွမ်းပြကစားနေသူဖြစ်သည်။

သတ်မှတ်ထားတဲ့အရက်သောက်သုံးမှုပမာဏထက်ကျော်လွန်ပြီး ကားမောင်းလာတဲ့ အသက် ၃၁နှစ်အရွယ်လူတစ်ဦးကို ဖမ်းခဲ့ပါတယ်။ သူက ဝိန်းရွန်နီပါ။ သူ့ကို ကျွန်တော်တို့ထိန်းသိမ်းခဲ့ပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဟု ချက်ရှိုင်းယားဒေသခံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုခဲ့သည်။

ဝိန်းရွန်နီမှာ ယင်းအမှုအတွက် စက်တင်ဘာ ၁၈ရက်တွင် တရားရုံးတွင်အမှုရင်ဆိုင်ရမည်ဖြစ်သည်။ ဝိန်းရွန်နီမှာ ချက်ရှိုင်းယားတွင် ဇနီးဖြစ်သူ ကောလင်း၊ ကလေးသုံးယောက်နှင့် အတူနေထိုင်ပြီး ကောလင်းမှာ စတုတ္ထမြောက် ကိုယ်ဝန်လွယ်ထားပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly