ရန်​ကုန်​ရှိမြို့နယ်​(၇)ခုတွင်​ ဓာတ်​အားပိုမို​ပေးနိုင်​ရန်​ (၆)နာရီကြာ ဓာတ်​အားဖြတ်​​တောက်​မည်​

ရန်​ကုန်​ရှိမြို့နယ်​(၇)ခုတွင်​ ဓာတ်​အားပိုမို​ပေးနိုင်​ရန်​ (၆)နာရီကြာ ဓာတ်​အားဖြတ်​​တောက်​မည်​

ရန်ကုန်၊စက်တင်ဘာ၁ ။           ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)ခုတွင် ဓာတ်အားပိုပေးနိုင်စေရန် ပစ္စည်းလဲလှယ်တပ်ဆင်မည်ဖြစ်သောကြောင့် စက်တင်ဘာ(၃)ရက်နေ့တွင် မီးခတ္တဖြတ်တောက်ထားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းက ကြေငြာထားသည်။

(၃.၉.၂၀၁၇)ရက်(တနင်္ဂနွေနေ့) နံနက် (၈)နာရီမှနေ့လည်(၂)နာရီအထိ (၆)နာရီကြာ ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်မည်ဖြစ်ပြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွံတေး၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊၊ ကွမ်းခြံကုန်း မြို့နယ်နှင့် ကြည့်မြင်တိုင်တစ်ဘက်ကမ်းရှိရပ်ကွက်တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်သည်။

"လှိုင်သာယာမှာ ကနောင်ဓာတ်အားခွဲရုံအသစ်ဆိုတာ ပြီးခဲ့တဲ့၄၊၅လလောက်က စပြီးတော့ဖွင့်လိုက်တယ်ပေါ့နော်၊ ၃လလောက်ရှိပြီ ။အဲဒီတုန်းကတစ်ခေါက်ဖြတ်သေးတယ်။ ဓာတ်အားပိတ်ပြီးလုပ်ငန်းလုပ်တဲ့အတွက်ကြောင့် ဒီလိုဓာတ်အားခွဲရုံကြီးတွေ တိုးချဲ့ဆောက်တဲ့အခါကျ လိုင်းတွေကိုသူနဲ့ကိုက်ညီမယ့် Equipmentကိုလဲပေးရတယ်။ နဂိုရှိတဲ့အဟောင်းကိုလဲပေးတာပေါ့။ ဓာတ်အားပိုပေးနိုင်အောင်လို့ပေါ့"ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းမှ အမျိုးသမီးဝန်ထမ်းတစ်ဦးက ပြောသည်။

မြို့နယ်တစ်ခုတွင် ဓာတ်အားခွဲရုံတစ်ခုတည်းမှ ဓာတ်အားပေးနေခြင်းမဟုတ်သည့်အတွက် ဓာတ်အားခွဲရုံနှင့် သက်ဆိုင်သည့်ရပ်ကွက်များသာ လျှပ်စစ်ဖြတ်တောက်ရာတွင် ပါဝင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly