ကော်တင်ဟိုအတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၃၈)သန်းဖြင့် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်း လက်ခံ

ကော်တင်ဟိုအတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၃၈)သန်းဖြင့် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်း လက်ခံ
(ဓာတ်ပုံ - အီးပီအေ)

မာဆေးဆိုက်ကလပ်ဟာ နောက်ဆုံးမှာတော့ ကော်တင်ဟိုအတွက် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုပြီး  စပိန်အသင်းကြီးက ဒီကနေ့ညနေပိုင်းမှာ ကြေညာသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းဟာ ၎င်းတို့ရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားကို ထွက်ခွာမသွားဖို့ နောက်ဆုံးထိ တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ပေါင် ၁၃၈ သန်းဖြင့် လေးကြိမ်မြောက် ကမ်းလှမ်းခဲ့ပြီးနောက် ကစားသမားကို နောက်ဆုံးမှာ လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဘာစီလိုနာမှ ပေါင် ၇၂ သန်းမှ ပေါင်သန်း ၉၀ နှင့် ပြီးခဲ့တဲ့အပတ်က ပေါင်သန်း ၁၀၀ တို့ဖြင့် ကမ်းလှမ်းမှု ၃ ကြိမ်စလုံးကို ပယ်ချခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ လီဗာပူးလ်အသင်းဟာ ကစားသမားရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အန်ဖီးလ်မှ နူးကမ့်ဆီ အပြောင်းအရွှေ့ကို မနေ့က ပြန်လည် ဆုံးဖြစ်ခဲ့ပါတယ်။

ကော်တင်ဟိုဟာ အန်ဖီးလ်မှာ လေးနှစ်ခွဲကာလအတွင်း ၁၈၂ ပွဲကစား၊ ၄၂ ဂိုးသွင်းယူခဲ့ပြီးနောက် အခုချိန်မှာ ၎င်းရဲ့ အပြောင်းအရွှေ့အိမ်မက်ဟာ တကယ်ဖြစ်လာပါလိမ့်မယ်။

ကစားသမားကိုယ်တိုင်ကလည်း ယခုတပတ်မကုန်ခင် ဘာစီလိုနာကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ကမ်းလှမ်းကြေးမှာ ကစားသမားကို အင်တာမီလန်မှ ပေါင် ၈.၅ သန်းဖြင့် ဝယ်ယူခဲ့တဲ့ လီဗာပူးလ်အတွက် ကြီးမားတဲ့ အမြတ်အစွန်းကို ရရှိမှာဖြစ်ပါတယ်။

အသက် ၂၅ နှစ်ရှိ ကော်တင်ဟိုဟာ နောက်ကျောဒဏ်ရာ ရရှိခဲ့သလို ဖျားနာနေတာကြောင့် လီဗာပူးလ်အသင်းရဲ့ လေ့ကျင်းအစီအစဉ်တွေ ဆက်တိုက် လွှဲချော်ခဲ့ပြီး ယခုသြဂုတ်အစပိုင်းကတည်းက အသင်းအတွက် ကစားပေးခဲ့ခြင်း မရှိခဲ့ပါဘူး။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly