ဆွမ်းဆီးတိုက်စစ်မှူး လော်ရန်တေးကို စပါးအသင်း အပြီးသတ် ခေါ်ယူ

ဆွမ်းဆီးတိုက်စစ်မှူး လော်ရန်တေးကို စပါးအသင်း အပြီးသတ် ခေါ်ယူ
(ဓာတ်ပုံ - စပါး)

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဆွမ်းဆီးတိုက်စစ်မှူး ဖာနန်ဒိုလော်ရန်တေးကို ဖော်ပြမထားတဲ့ ပြောင်းရွှေ့ကြေးနှင့် ၂ နှစ် စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ ဂျူဗီတပ်စ်မှာ နည်းပြကွန်တီ လက်အောက်မှာ ကစားခဲ့ဖူးတဲ့ အသက် ၃၂ အရွယ်ရှိ ကစားသမားကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူဖို့ နီးစပ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ပါသေးတယ်။

ဒါပေမယ့် စပိန်ကစားသမားဟာ စပါးအသင်းနှင့် ပူးပေါင်းခဲ့ပြီး နွေရာသီအပြောင်းရွှေ့မှာ ကလပ်အသင်းရဲ့ (၅)ဦး မြောက် ကစားသမားဖြစ်လာပါတယ်။

လော်ရန်တေးဟာ ၂၀၁၆ ခုနှစ် သြဂုတ်လက ဆွမ်းဆီးအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက (၁၅)ဂိုး သွင်းယူပေးကာ ကလပ်အသင်းကိုလည်း တန်းဆင်းဇုန်မှ လွတ်မြောက်အောင် ကယ်တင်ပေးခဲ့ပါတယ်။

အရပ် ၆ ပေ ၄ လက်မမြင့်တဲ့ တိုက်စစ်မှူးဟာ ဂျူဗင်တပ်စ်အသင်းမှာ ၂ နှစ်နှင့် ဆီဗီလားမှာ ၁ ရာသီကြာ မကစားမီ ဘီလ်ဘာအိုအသင်းမှာ ၉ နှစ်ကြာ ကစားခဲ့ပါတယ်။

သူဟာ စပိန်လက်ရွေးစင်အသင်းအတွက် ၂၄ ပွဲကစား၊ ၇ ဂိုးသွင်းယူခဲ့ပြီး ၂၀၁၀ ကမ္ဘာဖလားကိုလည်း ဆွတ်ခူးခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly