မိုနာကိုတိုက်စစ်မှူး အမ်ဘတ်ပီကို အငှားဖြင့် ပီအက်စ်ဂျီအသင်း ခေါ်ယူ

မိုနာကိုတိုက်စစ်မှူး အမ်ဘတ်ပီကို အငှားဖြင့် ပီအက်စ်ဂျီအသင်း ခေါ်ယူ
(ဓာတ်ပုံ - PSG)

ပီအက်စ်ဂျီအသင်းဟာ မိုနာကိုမှ အမ်ဘတ်ပီကို တစ်ရာသီ အငှားနဲ့ ခေါ်ယူ စာချုပ်ခဲ့ပြီး လာမယ့်ရာသီမှာ အပြီးသတ်ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် ၁၆၅.၇ သန်းဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ကစားသမားကို ၂၀၂၂ ခုနှစ် ဇွန်လအထိ သက်တမ်းရှိမယ့် ၄ နှစ် စာချုပ်ကို လာမယ့်နှစ်မှာဖြစ်ပါတယ်။

"အမ်ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းဆီ အပြီးသတ် ခေါ်ယူခွင့်အပါအဝင် အငှားနဲ့ သွားရောက်ခဲ့ပြီဖြစ်ပါတယ်။ သူ့အတွက် အကောင်းဆုံးဖြစ်ပါစေလို့ ကလပ်အသင်းက ဆန္ဒပြုလိုက်ပါတယ်။"လို့ မိုနာကို အသင်းက ၎င်းတို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

လူငယ်ကစားသမား အမ်ဘတ်ပီဟာ ကြာသပတေးနေ့က ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နယ်သာလန်အသင်းကို ပြင်သစ်က ၄-၀ ဂိုးနဲ့  နိုင်တဲ့ပွဲမှာ နိုင်ငံအသင်းအတွက် ပထမဆုံး ဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး ၁၉၆၃ ခုနှစ် နောက်ပိုင်း ပြင်သစ်အသင်းရဲ့ အသက်ငယ်ဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်လာပါတယ်။

အသက် ၁၈ နှစ်ရှိ အမ်ဘတ်ပီဟာ ပြီးခဲ့တဲ့ရာသီက ဂိုး (၂၁) သွင်းယူခဲ့ပြီး မိုနာကို,ကို လီဂူး ၁ ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပါတယ်။

Ref; EFF_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly