ပရိသတ်ကလေးငယ်တစ်ယောက်ကို ပျော်ရွှင်စေခဲ့တဲ့ မက်ဆီ

ပရိသတ်ကလေးငယ်တစ်ယောက်ကို ပျော်ရွှင်စေခဲ့တဲ့ မက်ဆီ

သြဂုတ် ၃၁၊ မွန်တီဗီဒီယို။                   ။ အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ အရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဥရုဂွေးအသင်းနဲ့ပွဲစဉ်ကို ယှဉ်ပြိုင်ဖို့ မွန်တီဗီဒီယိုကို ရောက်ရှိလာတဲ့ မက်ဆီဟာ ပရိသတ်ကလေးငယ်တစ်ယောက်ကို အမှတ်တရနေ့တစ်နေ့ဖြစ်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

နိုင်ငံလက်ရွေးစင်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ ကြီးလေးတဲ့တာဝန်ရှိနေချိန်မှာတောင် မက်ဆီအနေနဲ့ အခုလို ကလေးငယ်အတွက် အမှတ်ရစရာနေ့တစ်နေ့ဖြစ်အောင် အချိန်ခဏပေးပြီး ဖန်တီးပေးခဲ့တာပါ။

တနင်္လာနေ့မှာ ဥရေုဂွေးနဲ့ကစားရမယ့်ပွဲအတွက် အာဂျင်တီးနားအသင်းတည်းခိုမယ့်ဟိုတယ်ကို အသင်းနဲ့အတူ မက်ဆီရောက် လာချိန်မှာ ကလေးငယ်ဟာ သူလေးစားအားကျရတဲ့ ကစားသမားနဲ့ ဆုံတွေ့နိုင်ဖို့ကြိုးစားခဲ့ပေမယ့် မက်ဆီထံကို မရောက်မီမှာပဲ လုံခြုံရေးက ဆွဲထုတ်တာကို ခံခဲ့ရပါတယ်။

ဒါကိုတွေ့သွားတဲ့ မက်ဆီဟာ ကလေးငယ်ကို သူ့ဆီလွှတ်ပေးဖို့ လုံခြုံရေးကို တောင်းဆိုခဲ့ပြီး အဲဒီကလေးငယ်နဲ့လည်း ဓါတ်ပုံတွေ အတူတွဲရိုက်ပေးခဲ့ပါတယ်။

နည်းပြဆမ်ပါအိုလီရဲ့ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ အရေးကြီးပွဲစဉ် နှစ်ပွဲအတွက် ပြင်ဆင်နေ ပါတယ်။

၁၄ ပွဲကစားပြီး ၆ ပွဲသာအနိုင်ရထားတဲ့ တောင်အမေရိကထိပ်သီး အာဂျင်တီးနားအသင်းဟာ လက်ရှိမှာ ခြေစစ်ပွဲအမှတ်ပေး ဇယား အဆင့် ၅ နေရာမှာသာ ရပ်တည်နေပါတယ်။

တကယ်လို့ အဲဒီနေရာနဲ့ပဲ အဆုံးသတ်ခဲ့ရင် ခြေစစ်ပွဲအောင်ဖို့ သမုဒ္ဒရာပိုင်းဇုံက ထိပ်ဆုံးအသင်းနဲ့ ပလေးအော့ဖ်ကစားရမှာပါ။ မွန်တီဗီဒီယိုမှာကစားမယ့် ဥရုဂွေးနဲ့ပွဲ၊ စက်တင်ဘာ ၅ မှာ ဘရူနိုအေးရိစ်မှာကစားမယ့် ဗင်နီဇွဲလားနဲ့ပွဲတွေက အာဂျင်တီးနား အသင်းရဲ့ အဆုံးအဖြတ်ပွဲတွေဖြစ်ပါတယ်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly