မာရက်ဇ်ကို ခေါ်ယူရန် လက်စတာစီးတီးထံ ဘာစီလိုနာအသင်း ဆက်သွယ်

မာရက်ဇ်ကို ခေါ်ယူရန် လက်စတာစီးတီးထံ ဘာစီလိုနာအသင်း ဆက်သွယ်

ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကစားသမား မာရက်ဇ်ကို ခေါ်ယူနိုင်ဖို့ လက်စတာအသင်းထံ ဆက်သွယ်မေးမြန်းခဲ့တယ်လို့ AS သတင်းအရ သိရပါတယ်။

ဘာစီလိုနာဟာ လီဗာပူးလ်ကစားသမား ကော်တင်ဟိုကို ခေါ်ယူနိုင်မယ်လို့ မျှော်လင့်ချက်ရှိနေဆဲဖြစ်ပေမယ့် အခြားရွေးချယ်စရာတစ်ခုအဖြစ် မာရက်ဇ်ဖြစ်နေပါတယ်။

အယ်လ်ဂျီးရီးယား လက်ရွေးစင်ကစားသမားဟာ ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ ဝန်းကျင်ခန့် ရှိမှာဖြစ်ပါတယ်။

ဒီနွေရာသီမှာ ရိုမားအသင်းက မာရက်ဇ်ကို အကြိမ်အကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် အစောပိုင်းက အာဆင်နယ်အသင်းနဲ့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags