ရခိုင်ပြည်နယ် မောင်တောဒေသအခြေအနေ မဇ္ဈိမသတင်းထောက်၏ သတင်းပေးပို့ချက်

ရခိုင်ပြည်နယ် မောင်တောဒေသအခြေအနေ မဇ္ဈိမသတင်းထောက်၏ သတင်းပေးပို့ချက်

သတင်းထောက်တွေ အခုရောက်ရှိနေတဲ့ နေရာ ပြောပြပေးပါခင်ဗျ။

အခုကျွန်တော်တို့ ဒီမောင်တောမြို့နယ်ကပေါ့နော်။ ဒုက္ခသည်စခန်း တစ်ခုကို ရောက်နေတယ်ခင်ဗျာ။ ဟိန္ဒူမိသားစုဝင်တွေ အနေများတဲ့ စခန်းမှာ ပေါ့နော်။ အဲ့ဒီစခန်းကို ရောက်ပြီးတော့ သတင်းယူနေပါတယ် ခင်ဗျာ။

ဟုတ်ကဲ့။ မြင်တွေ့ရတဲ့ အခြေအနေလေး ပြောပြပေးပါခင်ဗျာ။

အခုလက်ရှိက ဒီမောင်တောမှာပေါ့။ အသိုက်အဝိုင်းနှစ်ခုလုံးက စိုးရိမ်ကြောင့်ကြမှုတွေရှိနေကြတယ်။ ပြီးတော့ လုံးခြုံရေးပိုင်းကလည်း သိပ်ပြီးတော့ အဆင်မပြေတဲ့ အနေအထားမျိုးမှာရှိနေတယ်။

အဲ့ဒီမှာ စိုးရိမ်မှုက ဧရိယာဘယ်လောက်လောက် ကျယ်လဲခင်ဗျာ။

ဟုတ်။ ဧရိယာကတော့ ကျွန်တော်တို့ ရောက်ရောက်ချင်းပေါ့။ မောင်တော ခရိုင်ထွေအုပ်ရုံးကို သွား တယ်။ ခရိုင်ထွေအုပ်ရုံး အနောက်တည့်တည့်မှာ၊ အနောက်ပေါက်မှာပဲပေါ့နော်။ မီးလာရှို့တဲ့ ဟာတွေလည်း ရှိ တယ်ခင်ဗျ။ အဲ့ဒီတော့ မောင်တောထွေအုပ်ရုံးရဲ့ အုပ်ချုပ်ရေးမှူးပြောတာကတော့ သူတို့ မောင်တောမြို့ပေါ် လောက်ပဲ လုံးခြုံရေး တာဝန်ယူနိုင်တယ်ပေါ့နော်။ အဲ့လိုပဲပြောတယ်ခင်ဗျ။ မောင်တောမြို့အပြင်ဘက်တွေကိုတော့ ကျွန်တော်တို့ သွားလို့မရသေးပါဘူးခင်ဗျ။

မီးလာရှို့သွားတာက မောင်တောမြို့ပေါ်က ရုံးကို လာရှို့သွားတာလားခင်ဗျ။

ဟုတ်ကဲ့။ မောင်တောမြို့ပေါ်က ရုံးအနောက်နားက အိမ်ကို လာရှို့်သွားတာပါခင်ဗျ။ သူတို့က မီးတုတ်နဲ့ လာလာပစ်သွားတာပါခင်ဗျ။ မီးတုတ်တွေ၊ မီးကွင်းတွေနဲ့လာလာပစ်သွားတယ်လို့ ပြောပါတယ်။

ဘယ်အချိန်က ပစ်သွားတာလဲခင်ဗျ။

ဒီနေ့ နေ့ခင်း ၂ နာရီလောက်ကပါ။

ဟုတ်ကဲ့။ တိုင်းရင်းသားတွေနဲ့ တွေ့တဲ့အချိန်မှာ သူတို့ ဘာတွေပြောကြလဲခင်ဗျ။ ဘယ်နှစ် ယောက်လောက်တွေ့ပြီးပြီလဲခင်ဗျ။

ကျွန်တော်တို့ ပထမရောက်ရောက်ချင်းမှာပဲ တိုင်းရင်းသားဒုက္ခသည်တွေရှိတဲ့ စာသင်ကျောင်း တစ်ခုကို သွားခဲ့တယ်။ တိုင်းရင်းသား သုံးလေးယောက်လောက်နဲ့ ကျွန်တော်တို့ အင်တာဗျူး လုပ်ကြည့်တာတော့ ရခိုင်တိုင်းရင်းသားတွေက စိုးရိမ်ကြောက်လန့်နေတယ်ခင်ဗျ။ သူတို့မှာ ပြေးစရာနေရာလည်း မရှိဘူးပေါ့။ သူတို့ ဒီမောင်တောမြို့ပေါ်ကိုပဲ တက်ပြေးလာရတယ်။ စာသင်ဆောင်တွေမှာပဲ သူတို့ ခိုလှုံနေရတယ်လို့ ပြော တယ်ခင်ဗျ။ သူတို့ ပြောပုံ ဆိုပုံအရတော့ စိုးရိမ်ကြောက်လန့်တဲ့ ပုံတွေပေါ်နေပါတယ်။

ဟုတ်ကဲ့ အခုလိုမေးမြန်းခဲ့တဲ့ တိုင်းရင်းသားတွေထဲမှာရော အကြမ်းဖက်မှုကို တကယ်ကြုံခဲ့တဲ့ သူတွေ ရောပါလားခင်ဗျ။

ဟုတ်ကဲ့။ ဒီ ၂၅ ရက်နေ့နောက်ပိုင်းမှာမှ ရောက်လာတဲ့ ဒုက္ခသည်တွေပါပဲခင်ဗျ။ ပဋိပက္ခစပြီးဖြစ်လာတော့မှ ထွက်ပြေးလာရတဲ့ သူတွေပါ။

ဟုတ်ကဲ့။ အခု ဒီဒုက္ခရောက်နေတဲ့ တိုင်းရင်းသားတွေကို နယ်စပ်ရေးရာဝန်ကြီးဌာနရယ်၊ လူကယ်ပြန် ဝန်ကြီးဌာနရယ် ဝန်ကြီးဌာနတွေ ပေါင်းပြီးတော့မှ ဘယ်လိုမျိုးကူညီပေးနေလဲဆိုတာကိုလည်း ပြောပြပေးပါ ခင်ဗျ။

လူူကယ်ပြန်ဝန်ကြီးဌာနနဲ့ပေါ့။ ဒီ ပြည်နယ်အစိုးရအဖွဲ့တို့ ပေါင်းပြီးတော့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ နေရာတွေကိုတော့ ကျွန်တော်တို့ မရောက်သေးဘူးဗျ။ ကျွန်တော်တို့ ရောက်ခဲ့တဲ့နေရာတွေက မောင်တော မြို့နယ်က နေရာတွေပေါ့။ ဒါပေမယ့် ဒီနေရာတွေမှာလည်း ကယ်ဆယ်ရေးပစ္စည်းတွေ ရှိတော့ရှိတယ်။ ဒါပေ မယ့်မလုံလောက်ဘူးလို့တော့ သူတို့ ပြောနေတာတွေလည်း  ရှိတယ်ခင်ဗျ။

ဒီတိုင်းရင်းသားဒုက္ခသည်တွေနဲ့ တွေ့ပြီးသွားပြီဆိုတော့ ဘင်္ဂလီဒုက္ခသည်တွေနဲ့ တွေ့ပြီးသွားပြီလား ခင်ဗျ။ တွေ့ဖို့ အစီအစဉ်ရောရှိပါသလားခင်ဗျ။

ဘင်္ဂလီဒုက္ခသည်တွေနဲ့ တွေ့ဖို့ အချိန်ကတော့ မရှိဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ဘင်္ဂလီဒုက္ခသည်တွေက ဒီဘက်ကို ထွက်မပြေးလာဘဲနဲ့ နယ်စပ်ဘက်ကို ထွက်ပြေးသွားတယ်လို့ကြားတယ်ခင်ဗျ။ အဲ့ဒီကိုသွား ဖို့ကျတော့ ကျွန်တော်တို့ လုံခြုံရေးအခြေအနေနဲ့ သတင်းယူတဲ့ အချိန်မလုံလောက်တဲ့အတွက် အဆင် မပြေဘူးခင်ဗျ။

အဲ့ဒါဆိုရင် မနက်ဖြန်အစီအစဉ်ကို ပြောပြပေးပါဦးခင်ဗျ။

မနက်ဖြန်အစီအစဉ်ကတော့ ကျွန်တော်တို့ ဒီမောင်တောမြို့ပတ်ချာလည်က နေရာတွေကိုတော့ သွားမယ်လို့တော့ အစီအစဉ်ရှိပါတယ်ခင်ဗျ။ အစီအစဉ်ကို အသေစိတ်ပြောဖို့အတွက်ကတော့ ညကျမှပဲ အတည်ပြုနိုင်မှာပါခင်ဗျ။ လျာထားချက်ပဲ ရှိပါသေးတယ်။

ဤ အင်တာဗျူးကို မောင်တောသို့ သွားရောက် သတင်းယူနေသည့် မဇ္ဈိမ သတင်းထောက်ကို မေးမြန်းထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly