ဟောင်းနွမ်းငွေစက္ကူများကို ဗုဒ္ဓဟူးနေ့တိုင်း ဘဏ်များတွင် လဲလှယ်နိုင်

ဟောင်းနွမ်းငွေစက္ကူများကို ဗုဒ္ဓဟူးနေ့တိုင်း ဘဏ်များတွင် လဲလှယ်နိုင်

ရန်ကုန်၊သြဂုတ်၃၀ ။          ။ ဟောင်းနွမ်းစုတ်ပြဲနေသည့် ငွေစက္ကူများကို ငွေစက္ကူအသစ်များဖြင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များတွင် ဗုဒ္ဓဟူးနေ့တိုင်း မည်သူမဆို လဲလှယ်နိုင်ရန်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အရသိရသည်။

ဟောင်းနွမ်းစုတ်ပြဲချွတ်ယွင်းနေသည့် ငွေစက္ကူများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ညီညွှတ်လျှင် ဘဏ်များက လက်ခံလဲလှယ်ပေးရန် ရည်ညွှန်းချက်ပါစာများဖြင့် ညွှန်ကြားထားသည့် ငွေကြေးညွှန်ကြားလွှာအမှတ် ၃/၂၀၀၇၊၂၀၀၈ ကို သြဂုတ်၂၉ရက်နေ့က ထုတ်ပြန်ထားသည်။

"ဘဏ်တိုင်းမှာလဲပေးတယ်ဆိုတာက သူတို့အပြောပဲရှိတယ်လေ ဘဏ်တိုင်းကတော့ အထိုက်အလျောက်တော့ လဲပေးနေတာပဲလေ ခုနပြောသလိုတော့ အဓိက က မြန်မာ့စီးပွားရေးဘဏ်က လဲဖို့ကောင်တာလေးတွေထားပေးထားတယ်လေ၊...အဲဒီလိုမျိုး (ဘဏ်အားလုံးမှာငွေစက္ကူအပြဲတွေလဲပေးတယ်) ပြောထားတာတော့မသိသေးဘူး ပြန်မေးကြည့်ရဦးမယ်"ဟု ကမ္ဘောဇဘဏ်မှ အကြီးတန်းအရာရှိ ဦးသန်းလွင်ကပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြည်သူများအတွက် သစ်လွင်သန့်ရှင်းသည့် ငွေစက္ကူများ ကိုင်ဆောင်သုံးဆွဲနိုင်ရန်အတွက် မူဝါဒချမှတ်လုပ်ဆောင်လျက် ရှိသည်။

သို့သော် "ဘဏ်များမှ ဟောင်းနွမ်းငွေစက္ကူလဲလှယ် ပြန်လည်အပ်နှံသည့် ပမာဏမှာ များစွာနည်းပါးလျက်ရှိကိုတွေ့ရသည်"ဟု ညွှန်ကြားချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly