ယခုတပတ်မှာ ဘာစီလိုနာကစားသမား ဖြစ်လာလိမ့်မယ်လို့ ကော်တင်ဟို ပြော

ယခုတပတ်မှာ ဘာစီလိုနာကစားသမား ဖြစ်လာလိမ့်မယ်လို့ ကော်တင်ဟို ပြော
(ဓာတ်ပုံ - အီးပီအေ)

ဖိလစ် ကော်တင်ဟိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၆၀ (ပေါင် ၁၄၈) သန်းဖြင့် ဘာစီလိုနာမှ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းက သဘောတူညီခဲ့ပြီလို့ Yahoo Sports အရ သိရပါတယ်။

အဆိုပါ ဗြိတိန်နှင့် စပိန်စံချိန်တင် ပြောင်းရွှေ့ကြေးအတွက် နှစ်ဘက် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ကော်တင်ဟိုက သူဟာ ယခုတပတ်မကုန်ခင် ဘာစီလိုနာကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းပိုင်ရှင် Fenway Sports Group က ကော်တင်ဟိုဟာ နိုင်ငံတကာပွဲစဉ်တွေ ကစားဖို့ မာဆေးဆိုက်မှ မထွက်ခွာခင် ကစားသမားရဲ့ တောင်းဆိုချက်ဖြစ်တဲ့ အန်ဖီးလ်မှ ထွက်ခွာခွင့်ကို နောက်ဆုံးမှာတော့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၂၅ နှစ်ရှိ ကော်တင်ဟိုဟာ နောက်ကျောဒဏ်ရာ ရရှိခဲ့သလို ဖျားနာနေတာကြောင့် လီဗာပူးလ်အသင်းရဲ့ လေ့ကျင်းအစီအစဉ်တွေ ဆက်တိုက် လွှဲချော်ခဲ့ပြီး ယခုသြဂုတ်အစပိုင်းကတည်းက အသင်းအတွက် ကစားပေးခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ "ကစားဖို့ ပြီးပြည့်စုံတဲ့ အခြေအနေ"မှာ ရှိပြီလို့ ဘရာဇီးအသင်း ဆေးအဖွဲ့က ကြေညာခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ကော်တင်ဟိုရဲ့ နေရာကို အစားထိုးမှုတစ်ခု သေချာစေရန် ကစားသမားရဲ့ အပြောင်းအရွှေ့ ပြီးစီးမှု နှောင့်နှေးခွင့်ပေးဖို့ ဘာစီလိုနာအသင်းကို တောင်းဆိုသွားဖို့ ရှိတယ်လို့ သိရပါတယ်။

လီဗာပူးလ်ဟာ သောမတ်စ် လီမာကို ခေါ်ယူဖို့ မိုနာကိုအသင်းနဲ့ ဆွေးနွေးနေဆဲအချိန်မှာ ချိန်ဘာလိန်ကိုလည်း ဈေးနှုန်းချိုချိုနဲ့ ခေါ်ယူခွင့် ရှိနေပါတယ်။

Ref; Yahoo Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly