​ကျော်​ကိုကို၏​ နောက်​ကျသွင်​းဂိုးဖြင့်​ မ​လေးရှားကို မြန်​မာအသင်​းအနိုင်​ရ

​ကျော်​ကိုကို၏​ နောက်​ကျသွင်​းဂိုးဖြင့်​ မ​လေးရှားကို မြန်​မာအသင်​းအနိုင်​ရ
Photo-MFF

အာရှဖလားခြေစစ်ပွဲစဉ်အတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည်  မလေးရှားလက်ရွေးစင်အသင်းနှင့် ယနေ့ညနေ ၄:၀၀ နာရီက သုဝဏ္ဏကွင်းတွင် ချစ်ကြည်ရေးခြေစမ်းပွဲ ကစားခဲ့ရာကျော်ကိုကို၏ နောက်ကျ သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲစဉ်တွင် ဂိုး၊ သီဟစည်သူ၊ နောက်တန်း၊ ဒေးဗစ်ဒန်း၊ ဝင်းမင်းထွဋ်၊ဇော်မင်းထွန်း၊ သိန်းသန်းဝင်း၊ အလယ်တန်း၊ ရန်အောင်ကျော်၊ တင်ဝင်းအောင်၊ သီဟဇော်၊ သက်နိူင်၊ မင်းမင်းသူ၊ ရှေ့တန်း၊ ကျော်ကိုကို တို့ဖြင့် ပွဲထွက်ကစားခဲ့သည်။

နှစ်ဖက်အသင်းမှာအပြန်အလှန်တိုက်စစ်ဆင်ကစားနိုင်ခဲ့ကြပြီး မြန်မာအသင်းက ပွဲချိန်တစ်လျောက် ပိုမိုဖိကစားနိုင်ခဲ့သည်။

မြန်မာအသင်းမှာ အခွင့်အရေးများ ရရှိခဲ့သော်လည်း ဂိုသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ မိနစ် ၉၀ ရောက်မှတိုက်စစ်မှုး  ကျော်ကိုကို ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ယနေ့ပွဲတွင်မြန်မာ့လက်ရွေးစင်အသင်းကို ပြည်တွင်းနည်းပြများက ယာယီကိုင်တွယ်ခဲ့သည်။

ယနေ့ပွဲစဉ်အနိုင်ရရှိခဲ့သော မြန်မာ့လက်ရွေးစင်အသင်းသည် ဆီးဂိမ်းစ် ပြိုင်ပွဲဝင် မြန်မာယူ၂၂ အသင်းမှ လက်ရွေးစင်ကစားသမားများနှင့် ပူးပေါင်းကာ သြဂုတ်လ ၃၁ ရက်နေ့တွင် ကာဂျစ်စ္စတန်နိုင်ငံသို့ ၅ ရက်ကြာ ကြိုတင်သွားရောက်ပြီး စက်တင်ဘာလ ၅ ရက်နေ့တွင် ကာဂျစ်စ္စတန်အသင်းနှင့် အာရှဖလားခြေစစ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly