အသေးစားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ဗဟိုဘဏ်ရဲ့ မူဝါဒ ဘာအပြောင်းအလဲလုပ်ဖို့ လိုမလဲ (အပိုင်း ၂)

29 August 2017
အသေးစားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ဗဟိုဘဏ်ရဲ့ မူဝါဒ ဘာအပြောင်းအလဲလုပ်ဖို့ လိုမလဲ (အပိုင်း ၂)

 

 

ဦးအောင်သူရ (Producer)

မဇ္ဈိမမီဒီယာ

ကိုဇော်လင်းထွဋ်ကို တစ်ခုလောက် မေးချင်တယ်ခင်ဗျ။ ပြည်သူလက်ထဲမှာ ငွေတွေ ပိုချေးလို့ရအောင် ငွေကြေးအကူအညီတွေ လုပ်ငန်းကြီးထွားဖို့ လုပ်လာတဲ့အပိုင်းမှာ လက်ရှိအချိန်ထိ ပုဂ္ဂလိက အခန်းကဏ္ဍပဲ ဆိုပါစို့ အကိုမြင်ရတဲ့အပိုင်းမှာ ဘယ်လောက်ထိ တိုးတက်လာလဲ။ ဘယ်လောက်ထိ အခက်အခဲတွေ ဖြစ်နေလဲဆိုတာလေးကို အကို ပြောပြပေးပါလား။

ဦးဇော်လင်းထွဋ် (CEO)

Myanmar Pay Union (MPU)

ဒီနှစ်ပိုင်းတွေမှာတော့ ကျွန်တော်တို့မြင်ရတာတော့ တော်တော်လေး ပုဂ္ဂလိက ဘဏ်တွေက SME Sector တွေကို တော်တော်လေး အာရုံစိုက်လာတာ တွေ့ရတယ်။ ဒါကတော့ နိုင်ငံတော်ရဲ့ စီးပွားရေးပေါ်လစီလည်း ပါတယ်။ နိုင်ငံတော်ရဲ့ တိုက်တွန်းအားပေးမှုလည်း ပါတယ်။ အခုဆိုရင် KSW နဲ့ CB Bank နဲ့ ပေါင်းပြီးတော့ SME တွေကို အပေါင်မဲ့ သိန်းတစ်ထောင် ထုတ်ချေးမယ်ဆိုတာပေါ။ ဒါပေမယ့် သူကတော့ Sector က Only လုပ်ငန်းလုပ်တဲ့သူတွေပဲလို့ ပြောတာပေါ့။ KSW ကနေပြီးတော့ အကိုပြောသလိုပေါ့ သူတို့လည်း Sector တွေကို Rich တွေ ကြည့်ရတာပေါ့နော်။ ဒီ Market ကတော့ ရောင်းဖို့ Market ရှိတယ်။ နောက်ပြီးတော့ ငွေပြန်ရနိုင်တဲ့ Market ရှိတယ်ဆိုတော့ ဒီဟာကိုပဲ အရင်စမှာပေါ့။ မဟုတ်ပဲနဲ့ ခုနကပြောသလိုမျိုး ဝုန်းခနဲကြီး ဖြန့်လိုက်ပြီးတော့မှ ပြောမယ်ဆို ဒီကညီမလေးလည်းသိပါတယ် ကျွန်တော်တို့ အတူတူ ကမ္ဘောဇမှာလည်း အလုပ် တူတူလုပ်ဖူးပါတယ်။ အကြွေးပြန်လိုက်တောင်းရတာ တော်တော်ခက်ပါတယ်။

ဘဏ်တွေရဲ့ ထုံးစံတွေအရလည်း ခုနကပြောသလိုမျိုး လိုအပ်ချက်ဆိုတာတော့ ရှိတယ်။ ငွေချေးတော့မယ်ဆိုရင် စာရွက်စာတမ်း တင်ပြရမယ် လုပ်ငန်းရဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေ တင်ပြရမယ် လုပ်ငန်းရဲ့ Market Production တွေ ကိုယ်က တင်ပြနိုင်ရမယ်။ ကျွန်တေ်ာတို့ SME Sector မှာလည်း တချို့လူတွေကတော့ အရမ်းကို လုပ်နိုင်တယ်။ တချို့ ကျေးလက်တွေက SME တွေကျတော့လည်း ဒါတွေကို နားမလည်ဘူး။ ဘဏ္ဍာရေးရှင်းတမ်းဆိုရင် ဘာတွေလာပြောနေတာလဲဆိုတာပေါ့နော်။ ဆိုတော့ ကျွန်တော်တို့က အဓိက ဘာတွေလုပ်ရမလဲဆိုတဲ့အခါကျတော့ Education ပေါ့နော် ဒါတွေကို သူတို့ကို သိအောင် ဒါတွေ လုပ်ပေးရမယ်။ အဲလိုမျိုး လုပ်ပေးဖို့အတွက် အစိုးရကလည်း ပါဖို့ လိုတာပေါ့နော်။ ဒီနှစ်ပိုင်းတွေတော့ ကျွန်တော်တို့ မြင်သလောက်ကတော့ SME Sector က ဘဏ်တွေဘက်က ထုတ်ချေးမှုက အပေါင်မဲ့နဲ့ ထုတ်ချေးပြီးတော့ အတိုးနှုန်းကလည်း ရိုးရိုး အပေါင်နဲ့ချေးတဲ့ ၁၂၊ ၁၃ မဟုတ်ပဲနဲ့ ၈.၅ လောက်နဲ့ ချေးနေတာကို ကျွန်တော်တို့ တွေ့ရတာပေါ့နော်။

ဒါပေမယ့် ဒီဘက်က ဆရာပြောသလိုပဲ အများကြီးတော့ မရောက်သေးဘူး မရောက်သေးတဲ့အတွက်ကြောင့်မို့ Micro Finance တွေကတော့ အဲဒီအထဲကို ဝင်လို့ရတာပေါ့နော်။ အဲဒီမှာလည်း Limitation တွေကလည်း ရှိနေတာကို။ ဒါကတော့ခုနကပြောသလိုမျိုး ဒီနိုင်ငံမှာကတော့ Micro Finance ဆိုရင်တော့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအောက်က Micro Finance က အုပ်ချုပ်မယ်ပေါ့နော်။ ဘဏ်တွေကိုတော့ ဒီဘက်က အုပ်ချုပ်တယ်ပေါ့နော်။ အမှန်တကယ်တော့ အဲဒီဌာနနှစ်ခုကလည်း ကျွန်တော်တို့အနေနဲ့ကတော့Link တွေတော့ ရှိသင့်တယ်လို့ ကျွန်တော်တို့ကတော့ မြင်တယ်။ ဒါမှ ခုနကပြောသလိုမျိုး တစ်ခုနဲ့တစ်ခုရဲ့ ဥပဒေတွေက စီလျော် ညီညွတ်မယ်ပေါ့နော်။ မဟုတ်ရင်တော့ ဒီဌာနကလည်း သူထုတ်ချင်တာ သူထုတ်မယ် ဟိုဌာနကလည်း သူထုတ်ချင်တာ သူထုတ်မယ်။ ပြီးရင် အဲဒီ ဥပဒေတစ်ခုနဲ့ သွားညိနေရင် လုပ်ရတဲ့လုပ်ငန်းရှင်က လုပ်လို့မရတော့ဘူး။

ဦးအောင်သူရ (Producer)

မဇ္ဈိမမီဒီယာ

အရှေ့မှာ ကိုဇော်လင်းထွဋ် ပြောတဲ့အထဲမှာ လုပ်ငန်းရှင်တွေဘက်ကလည်း ပွင့်လင်းမြင်သာတဲ့ စာရင်းဆိုင်ရာ အချက်အလက်တွေကို ပြုစုပေးဖို့ ပြီးတော့ မှတ်တမ်းမှတ်ရာတွေလည်း တင်ပြနိုင်ဖို့ဆိုတဲ့ အပိုင်းတွေလည်း လုပ်ပေးဖို့ လိုတယ်ဆိုတဲ့ဟာလည်း ထောက်ပြထားတာ ရှိတယ်ခင်ဗျ။ ဗဟိုဘဏ်ကြီးပဲလည်း မဟုတ်ဘူးပေါ့။ နောက်တစ်ခုက မတ်လ ၃၁ ရက်မှာလည်း ခရက်တစ်ဗျူရို ထူထောင်ဖို့အတွက် ချေးငွေ သတင်းအချက်အလက်ဆိုင်ရာ ဌာနတွေ စည်းမျဥ်းစည်းကမ်းတွေလည်း ထုတ်ပြန်ခဲ့တာ ရှိတယ်ခင်ဗျ။ ဗဟိုဘဏ်ကနေပြီးတော့ပေါ့နော်။ ဒါကလည်း ကိုယ်ပိုင် Personal ဒေတာတွေ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဖို့အတွက်ကို ဒါကို ကြီးကြပ်မယ် လုပ်ကိုင်မယ် လုပ်ကိုင်သင့်တယ်လို့လည်း ဒါကို ပြောဆိုတာတွေ ရှိတယ်ခင်ဗျ။ ဆိုတော့ ခရက်တစ်ဗျူရို ရှိလာမယ်ဆိုရင်ရော ဘာတွေ ကောင်းလာဖို့ရှိလဲ။ ဗဟိုဘဏ် ကောင်းလာဖို့ဆိုရင်...........

ဦးဇော်လင်းထွဋ် (CEO)

Myanmar Pay Union (MPU)

ခရက်တစ်ဗျူရိုကတော့ ဗဟိုဘဏ်က မလုပ်ဘူး။ အဲဒါကို ဗဟိုဘဏ်က Regulate ပဲလုပ်မှာ။ ခရက်တစ်ဗျူရိုကတော့ မြန်မာနိုင်ငံဘဏ်များအသင်းက ဦးဆောင်ပြီးတော့ သူတို့ သီးခြား ကုမ္ပဏီတစ်ခု ထောင်မယ်။ Credit Information System ပေါ့ အကုန်လုံးက ဘဏ်တွေက အခု ဘာတွေဖြစ်နေလဲဆိုတော့ တချို့ကိစ္စတွေမှာ ကျွန်တော်တို့က ဘာတွေကို တွေ့ရလဲဆိုတော့ နယ်မြို့ တစ်မြို့နယ်မှာ ဘဏ်ခွဲ လေးငါးခြောက်ခုရှိတယ် ဒါပေမယ့် အပေါင်နဲ့ပဲ ချေးတာနော် ငွေစာရင်းကလည်း ထုတ်ပေးထားတယ် တကယ့် မူရင်း ငါးခု ခြောက်ခု ထုတ်ထားတယ်။ အဲဒီတစ်ယောက်သည် ဘဏ်ငါးခုမှာ ဒီမူရင်းနဲ့ပဲ ဘဏ်ငါးခု ချေးထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ Credit Information System မရှိတဲ့အတွက်ကြောင့်မို့။ အဲဒီအခါကျတော့ ဘယ်ဘဏ်မှာ ချေးထားမှန်း မသိဘူး။ စစ်လို့လည်းမရဘူး။ သူက အစိုးရရဲ့ ခုနကပြောသလိုမျိုး အခုမှ E Government ကို သွားဖို့ လုပ်နေတာပေါ့။ နယ်တွေမှာ အစိုးရတွေက Paper Word နဲ့ သွားနေတာ။ သွားထုတ်တယ်ဆိုရင် ထုတ်ပေးလိုက်တာပဲလေ အဲဒါတွေအကုန်လုံးက အမှန်တကယ် ဘဏ်ချေးဖို့ဆိုရင် ဘယ်ဘဏ်ချေးဖို့ဆိုရင် တစ်ခု ထပ်ထုတ်ပေးလို့မရဘူး။ ဒါပေမယ့် အဲဒီတစ်ယောက်ဆီမှာ ငါးခုရှိတယ်။ ငါးဘဏ်မှာ ချေးထားတယ်။ ဆိုတော့ခုနကပြောသလိုမျိုး ဘာလုပ် ဘာလုပ်ဆိုတော့ ပြီးသွားပြီလေ ဒီမှာ Market လည်း သူအများကြီး ရထားတယ် သူ မလျော်ပဲနဲ့ ဘဏ်တွေက ကိုယ့်ဘာသာကိုယ် တရားရုံးနဲ့ တရားမမှုနဲ့ပဲ သိမ်းကြဆိုတဲ့အတိုင်း သူကတော့ ထွက်သွားမှာပေါ့နော်။ ဒါ နောက်မှ ကိုယ့်ဘာသာကိုယ် ပြန်လိုက်ပေါ့။ အဲလိုမျိုးဆိုတော့ ဒီ Credit Information System ကို ကျွန်တော်တို့က မရှိတဲ့ဟာပေါ့။ အခုတော့ ခရက်တစ်ဗျူရို ရှိလာခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ ပြောခဲ့သလိုပေါ့ ဒါ အလွန်ကောင်းတယ်။ ခုနက Micro Finance တွေလည်း အဲဒီမှာ Joy လိုက်ရင် ပိုကောင်းတယ်။ Micro Finance တွေကလည်း သူတို့က Rich ပိုရှိတယ်။ လူအများကြီးနဲ့ ဆက်ဆံရတာ။ Micro Finance တွေကလည်း အများကြီးပဲ ၂၀၀ ကျော်ရှိတယ်။ ဒီမှာလည်းချေးထားမယ် ဟိုမှာလည်းချေးထားမယ် ပြန်ဆပ်မယ့်အခါကျရင် ပြန်မဆပ်နိုင်တော့ရင် တကယ့် Invert က ဒီအဖွဲ့အစည်းတွေမှာ ပြန်ရှိမှာ။ ဆိုတော့ ဒီဟာလေးတွေ ရှိတာကတော့ ကျွန်တေ်ာတို့ မြန်မြန် အကောင်အထည်ဖော်သင်တယ်။ ကြိုလည်းကြိုဆိုမယ် ခုနကပြောသလို ဒီရဲ့ သတင်းအချက်အလက်ကတော့ Public ကို ချပြတာမဟုတ်ဘူး။ ဒါ ဘဏ်အချင်းချင်း Micro Finance အဖွဲ့အချင်းချင်း Share လုပ်တာပဲ။ သူကတော့ ငါ့ဆီက ချေးထားတယ် သူကတော့ သူ့ဆီက ချေးထားတယ် ဘယ်လောက်ချေးထားလဲ အဲဒီအတွက်ကြောင့်မိုလို့ ဒီဘက်ကအဖွဲ့အစည်းက သူ့ရဲ့ Rate ကိုကြည့်ပြီး ထပ်ချေးမလား မချေးဘူးလား။ ဒါ ဆုံးဖြတ်လို့ရတယ်။

ဦးအောင်သူရ (Producer)

မဇ္ဈိမမီဒီယာ

ဟုတ်ကဲ့ခင်ဗျ။ အမအနေနဲ့ရော လက်ရှိ ဘဏ်လုပ်ငန်းတွေအပေါ်မှာ ချေးငွေရယူမှုအပိုင်းပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လို အကြံပြုချင်တာတွေ ရှိလဲခင်ဗျ။

ဒေါ်အေးမြတ်မြတ်သူ (အုပ်ချုပ်မှု ဒါရိုက်တာ)

Myanmar Hand In Hand Marketing and Services

ဟုတ်ကဲ့ပါ။ အခု ကိုဇော်လင်းထွဋ် ပြောသွားတဲ့အထဲမှာလည်း ပါပါတယ်။ ရင်ထဲလည်း တော်တော်ထိတယ်ပေါ့ ဘာလဲဆိုတော့ စာရွက်စာတမ်း ပြင်ဆင်တဲ့အပိုင်းလေးတွေမှာ ဘယ်လောက် မှန်မှန်ကန်ကန်လုပ်နိုင်လဲပေါ့ အဲလိုဟာမျိုးလေးတွေက တကယ် လက်ရှိ ကြုံနေရတယ်။ လုပ်ငန်းရှင်တွေဘက်ကနေ ပြောမယ်ဆိုရင်လည်း လူတိုင်းက Finance နဲ့ပတ်သက်ပြီးတော့ Express တွေ မဟုတ်ကြဘူးပေါ့။ အဲတော့ အထူးသဖြင့်တော့ SME တွေ SME တွေမှာဆိုရင် လုပ်ငန်းလည်ပတ်နိုင်အောင် အရင်လုပ်နေကြရတာဆိုတော့ လုပ်ငန်းတစ်ခု စတင်လည်ပတ်တော့မယ့်အချိန်မှာ Format အပိုင်း ဒါမျိုးတွေအပိုင်းမှာ ကျကျနန မစွဲခဲ့နိုင်ကြဘူးပေါ့။ ပြီးတော့မှ အခွန်ဆောင်ရမယ်ဆိုတဲ့ အချိန်ကျတော့လည်း မျက်လုံးပြူး မျက်စံပြူးနဲ့ ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိဘူးပေါ့နော်။ အဲလိုမျိုးတွေ ဖြစ်ကြတယ်။ ဒါက အများစု ကြုံတွေ့နေရတဲ့ အခက်အခဲပေါ့။ အဲတော့ Private Bank အနေနဲ့ လုံးတွေဘာတွေ ယူမယ်ဆိုလို့ရှိရင်လည်း ဘဏ်ကို သွားလိုက်တယ်ဆိုရင်လည်း ပြောတော့ပြောလိုက်တယ် ဒါပေမယ့် အဲဒါတွေက သာမန်လူတွေအနေနဲ့ဆိုရင် စာရွက်စာတမ်းမျိုး အပိုင်း ပြင်ဆင်မှုအပိုင်းတွေ အများကြီးပါတယ်။ အဲလိုမျိုးဆိုတော့ ကျွမ်းကျင်သူဆိုပြီးတော့ ကျမတို့က အေးဂျင့်တွေ ပွဲစားတွေ ဒါတွေကို တစ်ခါ ပြန်ပြီးတော့ ဆက်သွယ်ရတယ်။ ငွေက တစ်ခါကုန်တယ်။ ပြဿနာတွေက အများကြီးပေါ်လာတယ်။ အဲလိုမျိုးပေါ့နော်။ အဲတော့ ဆယ်ဂဏ္ဍန်းကနေ သိန်းကို ရာဂဏ္ဍန်းအထိ ပြီးရင် တစ်ခါ အရင်တုန်းကဆိုရင် ဂရန်ပါမှ ဆိုတဲ့ဟာမျိုး အဲဒါဆိုရင် အကျိုးဆောင်ခကို သိန်း ရာနဲ့ချီပြီးတော့ ပေးရတယ်။ ဆိုတော့ ဒီလိုအပိုင်းမျိုးတွေ အခက်အခဲမျိုးတွေ ကြုံရတယ်။ ငွေမရှိလို့ ချေးပါတယ်။ ဒါပေမယ့် ပိုပြီးတော့ ဆိုးဆိုးဝါးဝါးတွေ ထပ်ပြီးတော့ ကြုံရတယ်ပေါ့နော်။ ဒါက ငွေချေးတဲ့အပိုင်းပေါ့။ ပြီးတော့ ပြည်နယ်အပိုင်းတွေဆိုရင်လည်း ဒီလိုပဲ အဲတော့ Express တွေ ခန့်နိုင်ဖို့ဆိုတာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး Limited Resource ၊ လေဘာ Resource က အရမ်းကို ရှားပါးနေတယ်။ ရှားတဲ့အခါကျတော့ ဒီလို စာရွက်စာတမ်းမျိုးကို ကျကျနန ပြင်ဆင်နိုင်တဲ့လူတွေ ခန့်နိုင်ဖို့ဆိုတာ SME တွေအတွက်က တော်တော်ခက်ခဲတယ်။ Corporate Level တွေကတော့ ဖြစ်နိုင်တယ်ပေါ့။ ဒါတောင် သူတို့မှာက လူတစ်ယောက်ကို Train ပေးဖို့က အရမ်းခက်တယ်ပေါ့နော်။ ဘယ်လိုနည်းနဲ့ ဒီလူကို မြဲအောင် လုပ်နိုင်မလဲဆိုတဲ့ အပိုင်းမှာတောင် တော်တော် အခက်အခဲ ကြုံရတယ်။ SME ဆို ပိုဆိုးတယ်ပေါ့နော်။ အဲတော့ ကျမတို့မှာ စာရွက်စာတမ်း ပြင်ဆင်မှုအပိုင်းဆိုတဲ့နေရာမှာ မသိနားမလည်ခြင်းများစွာနဲ့ ကြုံရတယ်။ နောက်တစ်ခါ ခုနကပြောတဲ့ ချေးပါမယ်ဆိုရင်တောင်မှ ဘယ်သူ့ဆီက ချေးရမလဲ ဘယ်လိုသွားချေးရမလဲ အဲတော့ ဆက်စပ်နေတဲ့ Department တွေကလည်း ပေါင်းစုံ ရှိတယ်ပေါ့နော်။ သိသူဖော်စား မသိသူ ကျော်သွားဆိုတဲ့ အဲလိုအပိုင်းမျိုးတွေမှာလည်း အများကြီး တွေ့ရတယ်။ ဘဏ်နဲ့ နီးစပ်တယ် ပတ်သက်တယ် ဆိုတဲ့ဟာတွေမှာကျရင်တော့ ရနိုင်တယ်။ ဒါပေမယ့် များသောအားဖြင့်က ဝေးကြတယ်ပေါ့နော်။  ချေးငွေကျလာပြီး ပြန်ဆပ်မယ့်အပိုင်းမှာလည်း ကျမ အစမှာပြောခဲ့သလိုပဲ အခက်အခဲတွေ ကြုံတွေ့နိုင်တယ်ပေါ့။ လုံးကလည်း အပြင်လုံးထက် သက်သာတာ မှန်ပါတယ်။ မြန်မာပြည်မှာ အသက်သာဆုံးအနေနဲ့ ရနိုင်တဲ့ လုံးပေါ့နော် ဒါပေမယ့် နိုင်ငံခြားကနေပြီးတော့ နိုင်ငံခြားဘဏ်တွေနဲ့ ယှဉ်လိုက်တယ်ဆိုလို့ရှိရင် အများကြီး ကွာပါတယ်။ အတိုင်နှုန်းတွေပေါ့။ အဲတော့ အခု ဘာဖြစ်လဲဆိုတော့ ကျမတို့ လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်အချိန် ဒီထဲကနေ လွင့်ထွက်သွားမလဲ ဘယ်အချိန် လမ်းပေါ် ရောက်သွားမလဲဆိုတာ အမြဲတမ်း ရင်တမမနဲ့ နေနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေထုတ်ကြီးတွေကိုင်ပြီး သူတို့က ဝင်လာကြတယ်။ အဲတော့ တစ်ဦးချင်းမှာလည်း သူတို့မှာ ပါဝါရှိရင် ရှိမယ်။ ဒါပေမယ့် အနောက်မှာ သူတို့ရဲ့နောက်မှာ ငွေထုတ်ချေးမယ့်ဘဏ်တွေ အများကြီးရှိတယ်။ တချို့ဆိုရင် သုံည ရာခိုင်နှုန်းနဲ့တင် ချေးထားတဲ့ ဘဏ်တွေပေါ့နော် နိုင်ငံခြားဘဏ်တွေ အများကြီးရှိတယ်။ အဲတော့ ကျမတို့တိုင်းပြည်မှာ ကျမတို့ SME Sector မှာဆိုရင် ဒီလိုမျိုး ပံ့ပိုးပေးမယ့် အဖွဲ့အစည်းတွေ အများကြီး လိုအပ်နေပါတယ်။

ဦးအောင်သူရ (Producer)

မဇ္ဈိမမီဒီယာ

ဆိုတော့ ဒေါက်တာခင်ဗျ။ အမ ဒေါ်အေးမြတ်မြတ်သူ ပြောသွားတဲ့အပိုင်းမှာ အခက်အခဲတွေ အများကြီး တွေ့ရတယ်။ ဆိုတော့ အဲဒါကို ပိုပြီးတော့ ကုန်ကျစရိတ်တွေ လျော့ချနိုင်အောင် ပြီးတော့ တိုက်ရိုက်နည်းပါးဖြစ်တဲ့ ဘဏ်နဲ့ ပြည်သူအကြား ဘဏ်နဲ့လုပ်ငန်းအကြား ဝန်ဆောင်မှုကို ပိုပြီးတော့ နီးကပ်အောင် ဘာတွေလုပ်သင့်သလဲ။ ဘာတွေ ပြုပြင်ပြောင်းလဲသင့်သလဲ။ ဆိုတော့ ဒါ ဗဟိုဘဏ်က လုပ်ရမှာလား ဘဏ်တွေကိုယ်တိုင်ကရော ဘယ်လိုလုပ်သင့်သလဲ။ ဒေါက်တာအနေနဲ့ အကြံပေးပါ။

ဒေါက်တာ ဖုန်းဝင်း(ဒါရိုက်တာ)

မင်္ဂလာမြန်မာ ငွေကြေးအသင်း

အဓိကကတော့ တစ်ခုတည်းပြောမယ်ဆိုရင် E Government ပေါ့။ ဒီ E Government စနစ်ကို အကောင်အထည် ဖော်နိုင်လို့ရှိရင်တော့ ကျွန်တော်တို့ တော်တော်လေး ပြေလည်သွားမယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။

ဦးအောင်သူရ (Producer)

မဇ္ဈိမမီဒီယာ

E Government က တော်တော်လေး ကုန်ကျစရိတ် များတယ်လို့ အစိုးရဘက်က ပြောတာ ကြားဖူးတယ်ခင်ဗျ။

ဒေါက်တာ ဖုန်းဝင်း(ဒါရိုက်တာ)

မင်္ဂလာမြန်မာ ငွေကြေးအသင်း

ဟုတ်ကဲ့။ ကုန်ကျစရိတ်ဆိုတာတော့ ရှိမှာပဲ။ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်သလိုပဲ ကုန်ကျစရိတ်က အမြဲတမ်းရှိတယ်။ ကုန်ကျစရိတ်ကနေပြီးတော့ ကျွန်တော်တို့က အကျိုးအမြတ် ဘယ်လောက် ပြန်ရမလဲ ဒါကိုပဲ ကြည့်ရမှာ။ ရမယ့်အကျိုးအမြတ်ကသာ များမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ကုန်ကျစရိတ်က များပလေ့စေ ရတယ်။ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံ့ရမှာပဲ။ အဲတော့ကျွန်တော်တို့က E Government ကို သတင်းစာထဲမှာပဲရေးတယ်။ တကယ်တော့ လက်တွေ ဘယ်တော့မှ အကောင်အထည်မဖော်ပဲ နေလာတာတ ၁၀ နှစ်ကျော်ပြီဖြစ်ပါတယ်။ ဆိုတော့ အဲဒါကို ကျွန်တော်တို့ မလုပ်နိုင်ရင် ခုနကပြောတဲ့ ပွဲစားတွေ အေးဂျင့်တွေ စာရွက်စာတမ်း မမှန်မကန်လုပ်တာတွေက လွယ်လွယ်လေးပဲ။ ကျွန်တော်တို့လည်း နေ့စဉ်နဲ့အမျှ ကြုံနေရတဲ့ ပြဿနာပဲ ဖြစ်တယ်ပေါ့လေ။ ဆိုတော့ ကျွန်တော်တို့ E Government ကို များများလုပ်ရမယ်။ E Government ကို ဌာနတွေနဲ့ ဌာနတွေအားလုံး မလုပ်နိုင်သေးဘူးဆိုရင်တောင်မှ ဒီဘဏ်နဲ့ ငွေရေးကြေးရေး စနစ်တွေမှာ E Government ကို သေသေချာချာလေး လုပ်ပေးလိုက်လို့ရှိရင်တော့ တော်တော်လေး ပြေလည်သွားမယ်လို့ ထင်တယ်။ ခုနကပြောတဲ့ စည်းမျဉ်းစည်းကမ်းတွေ လုပ်ဖို့ဟာကတော့ ဒါ ဗဟိုဘဏ်တွေ ဘဏ္ဍာလေးဌာန ဝန်ကြီးဌာနတို့ကနေပြီးတော့ ဦးဆောင်ပြီးတော့ လုပ်ရမှာပေါ့လေ။ စည်းမျဥ်းစည်းကမ်းဆိုတာကတော့ ဘယ်တော့မှ ပုဂ္ဂလိက က လုပ်ခွင့် ရှိမှမရှိတာ။ ပုဂ္ဂလိကကတော့ လုပ်ထားတဲ့ စဉ်းမျဥ်းစည်းကမ်းကိုပဲ ကျွန်တော်တို့က အကောင်းဆုံးဖြစ်အောင် လိုက်နာကျင့်သုံးဖို့ ကျွန်တော်တို့ လိုမယ်။ ကျွန်တော်တို့ကတော့ တစ်ခုပဲရှိတာက ပုဂ္ဂလိကတွေအနေနဲ့ ပုဂ္ဂလိကဆိုတာ ကျွန်တော်တို့လို ငွေရေးကြေးရေးကို ကိုင်တွယ်ပြီးတော့ စီမံဆောင်ရွက်တဲ့ ဘဏ်တွေ အဖွဲ့အစည်းတွေ ဒါမှမဟုတ်လို့ရှိရင် ငွေရေးကြေးရေးကို အသုံးပြုပြီးတော့ လုပ်ချင်နေတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကတော့ ဘာလုပ်နိုင်လဲဆိုတော့ စည်းမျဥ်းစည်းကမ်းဆွဲတဲ့ ဗဟိုဘဏ်တို့ ဘဏ္ဍာရေးဌာနတို့နဲ့ ကျွန်တော်တို့က ပြောဆိုပြီးတော့ ကျနော်တို့ရဲ့ အကြံပြုချက်တွေကို သူတို့က သေသေချာချာ လိုက်နာပြီးတော့ စည်းမျဉ်းစည်းကမ်းကို ဆွဲမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ပြည်သူတွေအတွက် ထိရောက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖြစ်မှာပေါ့။ မဟုတ်ရင်တော့ စည်းမျဥ်းစည်းကမ်းတွေက တစ်ခု ပြည်သူတွေလိုအပ်ချက်က တစ်ခု ဖြစ်နေလို့ရှိရင် ဒီစည်းမျဥ်းစည်းကမ်း ဆွဲလိုက်ရတာ အချိန်ကုန်သွားတာပဲ အဖက်တင်ပြီးတော့ မထိရောက်ဘူးပေါ့လေ။ နောက်တစ်ခုကတော့ ပြည်သူတွေ လိုအပ်ချက်ကိုပဲ ကြည့်မယ် ကျွန်တော်တို့ရဲ့ ပြောဆိုတာကိုပဲ နားထောင်ရမယ်လို့ မဆိုလိုပါဘူး။ တကယ်အလုပ်ဖြစ်မယ့် စည်းမျဉ်းစည်းကမ်းတွေ ကမ္ဘာပေါ်မှာ ရှိနေပြီးသားဖြစ်ပါတယ်။ နိုင်ငံတကာ စံချိန်စံနှုန်းတွေရှိတယ်။ ဒီစံချိန်စံနှုန်းတွေနဲ့လည်း ကိုက်ညီမယ့် စည်းမျဥ်းစည်းကမ်းမျိုးတွေကိုလည်း ကျွန်တော်တို့က ရေးဆွဲရမှာပေါ့လေ။ အဲလိုလည်း ရေးဆွဲကြမယ် ကျွန်တော်တို့လည်း လိုက်နာကြမယ် ကျွန်တော်တို့ဆိုတာက အားလုံးပေါ့လေ။ ပြည်သူတွေရော ဝန်ထမ်းတွေရော အားလုံးက လိုက်နာကြမယ်ဆိုရင်တော့ ကျွန်တော်တို့က မအောင်မြင်စရာ မရှိပါဘူး။ ပြီးတော့ ဒီကိစ္စကလည်း ကျွန်တော်ထင်တာကတော့ မြန်မြန်လုပ်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၈ မှာ ကျွန်တော်တို့ လာမယ့် အာဆီယံ Economic Communality ရဲ့ ခုနက အမတို့ပြောသလိုပဲ စီးပွားရေးကို ဖွင့်လိုက်မယ် ဖွင့်လိုက်ရင် နိုင်ငံခြားက လုပ်ငန်းတွေ တော်တော်များများလာမယ်။ လုပ်ငန်းဝန်ဆောင်မှုတွေကအစ လာပြီးတော့ မြန်မာပြည်မှာ လုပ်ခွင့်ရှိသွားမယ်။ အဲလိုဟာမျိုး အချိန်ကျလို့ရှိရင် ကျွန်တော်တို့က မြန်မာပြည်က ပြည်သူတွေ ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ ကျွန်တော်တို့က ကြိုတင်ပြီးတော့ လေးကျင့်ထားဖို့ လိုပါတယ်။ ဒီ ၂၀၁၇ ခုနှစ်ထဲမှာ ကျွန်တော်တို့က စနိုင်ရင် ၂၀၁၈ မှာ ကျွန်တော်တို့ ခံသာတာပေါ့လေ။ ၂၀၁၈ မှာအဖွင့် ၂၀၁၈ မှာပဲ ပြောင်းမယ်ဆိုရင် မခံသာဘူးပေါ့။ အဲတော့ ကျွန်တော်တို့က နောက်တစ်ခုပြောချင်တာကတော့ လုပ်စရာရှိတာကို မြန်မြန်လုပ်ဖို့ကောင်းမယ်။ ဟိုဟာကိုကြည့်ပြီးတော့ စောင့်နေ ဒီဟာကိုကြည့်ပြီးတော့ စောင့်နေ စောင့်ရင်းစောင့်ရင်းနဲ့ ကျွန်တော်တို့က ခံလိုက်ရတဲ့ဘဝမျိုး ရောက်သွားမှာတော့ ကျွန်တော်က စိုးရိမ်မိတယ်လေ။  

အပိုင်း (၁)ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည် - http://www.mizzimaburmese.com/article/30994

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly