ခွင့်ပြုချက်မရှိပဲ ဘာသာရေးဆိုင်ရာ အစုအဝေးများ မပြုလုပ်ရန် အမိန့်ထုတ်

ခွင့်ပြုချက်မရှိပဲ ဘာသာရေးဆိုင်ရာ အစုအဝေးများ မပြုလုပ်ရန် အမိန့်ထုတ်

ရန်ကုန်သြဂုတ်၂၉ ။         ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တချို့တွင် ခွင့်ပြုချက်မရှိပဲ ဘာသာရေးဆိုင်ရာ အစုအဝေးများမပြုလုပ်ရန် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ရုံးများက ညွှန်ကြားထားကြောင်း သိရသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် အလွန်အရေးကြီးသောကာလဖြစ်သောကြောင့် အထိကရုဏ်းများ ဖြစ်ပွားနိုင်ခြေရှိသော ကိစ္စအရပ်ရပ်ကို ရှောင်ရှားရန် ညွှန်ကြားထားကြောင်း   မြို့နယ်အုပ်ချုပ်ရေးမှုးရုံး အမိန့်စာတစ်ခုမှ သိရသည်။

ခွင့်ပြုချက်မရှိပဲ ဘာသာရေးအဆောက်ဦးများ ဆောက်လုပ်ခြင်း၊ ဘာသာရေးစာပေသင်ကြားခြင်း၊ နေအိမ်နှင့် စာသင်ကျောင်းအပါအဝင် အခြားအဆောက်အဦးများတွင် ခွင့်ပြုချက်မရှိပဲ စုပေါင်းဝတ်ပြုစုတောင်းခြင်းများ မပြုလုပ်ရန် ဒေသန္တရအမိန့် အဖြစ် စမ်းချောင်းမြို့နယ်တွင် ထုပ်ပြန်ထားသည်။

အဆိုပါ အမိန့်ကို ယခုလ ၂၅ရက်က ထုတ်ပြန်ထားခြင်းဖြစ်ပြီး မလိုက်နာပါက တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်မောင်တောဒေသတွင် ယခုလ၂၅ရက်က အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက် ရန်ကုန်မြို့တွင် ယခုလို ဒေသန္တရအမိန့်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly