အာဆင်နယ်မှ အာစင်ဝင်းဂါးထွက်ခွာသင့်ပြီဟု တိုက်စစ်မှူးဟောင်းအီရန်ရိုက်ပြော

အာဆင်နယ်မှ အာစင်ဝင်းဂါးထွက်ခွာသင့်ပြီဟု တိုက်စစ်မှူးဟောင်းအီရန်ရိုက်ပြော

သြဂုတ် ၂၉၊ လန်ဒန်။        ။ အာဆင်နယ်အသင်းသည် ထိပ်ပိုင်းမှအောက်ခြေအထိ အကျပ်အတည်းကာလရောက်နေပြီး နည်းပြအာစင်ဝင်းဂါးအနေဖြင့် ထွက်ခွာသင့်ပြီဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း အီရန်ရိုက်က ပြောသည်။

တနင်္ဂနွေနေ့တွင် လီဗာပူးလ်အသင်းကို ၄-၀ ဂိုးဖြင့်ရှုံးခဲ့သည့် အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်အဖွင့်သုံးပွဲတွင် တစ်ပွဲသာအနိုင်ရထားသည်။

“လုံးဝအိပ်မက်ဆိုးတစ်ခုပဲ။ ဝင်းဂါးက အင်အားကောင်းတဲ့အစုအဖွဲ့ကိုဖန်တီးထားပေမယ့် ကျွန်တော်တို့အတွက်ကစားပေးမယ့် ကစားသမားတွေကို ဘာလို့မရနိုင်တာလဲ”ဟု အာဆင်နယ်အတွက် ၁၂၈ ဂိုးသွင်းထားသည့် ရိုက်က ပြောသည်။

၁၉၉၇-၉၈ တွင် ပရီးမီးယားလိဂ်နှင့် အက်ဖ်အေဖလားရခဲ့သည့်အာဆင်နယ်၏ အသင်းသားတစ်ယောက်ဖြစ်ခဲ့သည့် ရိုက်က “သုံးပွဲပဲကစားရသေးတယ် အကြပ်ရိုက်နေပြီ။ ကျွန်တော့်အမြင်ကိုပြောပြရမလား။

သူ့ကိုထွက်သွားစေချင်တယ်။ အခုအချိန်မှာ ကစားသမားတွေကိုသူ စိတ်ဓါတ်မြှင့်ပေးနိုင်မယ်လို့ ကျွန်တော်မယုံဘူး။ သူ့အတွက် ပြောနေတာပါ။ အသင်းက သူ့အတွက် မကစားပေးချင်တော့ဘူးလေ”ဟု ပြောသည်။

၁၉၉၆ တွင် အာဆင်နယ်သို့ရောက်ပြီးနောက် ယမန်နှစ်က ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ထိပ်သီးလေးသင်း အပြင်ဘက်သို့ရောက်ခဲ့ရပြီးနောက် ပရိသတ်အတော်များများက နုတ်ထွက်ပေးရန်တောင်းဆိုနေသည့်ကြားမှာ ဝင်းဂါးသည် ပြီးခဲ့သည့်မေလကမှ နှစ်နှစ်စာချုပ်သစ်ချုပ်ထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly