သူမထက် ၁၃နှစ်ငယ်သော ကန်မင်ဟွတ်ခ်နှင့် အတူတွဲသရုပ်ဆောင်ရပုံနှင့်ပတ်သက်၍ ဟာဂျီဝန် မှတ်ချက်ပေး

သူမထက် ၁၃နှစ်ငယ်သော ကန်မင်ဟွတ်ခ်နှင့် အတူတွဲသရုပ်ဆောင်ရပုံနှင့်ပတ်သက်၍ ဟာဂျီဝန် မှတ်ချက်ပေး

MBC ရုပ်သံလိုင်းမှ ဗုဒ္ဓဟူးနှင့်ကြာသာပတေးနေ့တို့တွင် ထုတ်လွှင့်ပြသသွားမည့် Hospital Ship ဇာတ်လမ်းတွဲ နှင့်ပက်သက်၍ သြဂုတ်လ ၂၈ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ မင်းသမီးဟာဂျီဝန်က သူမထက် အသက် ၁၃နှစ်ငယ်သော CNBLUE အဖွဲ့မှ ကန်မင်ဟွတ်ခ်နှင့် အတူတွဲ၍ သရုပ်ဆောင်ရပုံအား မှတ်ချက်ပေးခဲ့သည်။

ဟာဂျီဝန်က “ကျွန်မတို့အသက်တွေက အရမ်းကိုကွာပါတယ်။ ဒါပေမယ့်ကျွန်မတို့ ရုပ်ရှင်ရိုက်ကူးတဲ့အချိန်မှာ ကျွန်မတို့ရဲ့ဇာတ်ကောင်နဲ့ အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကန်မင်ဟွတ်ခ်ဟာ သူရဲ့ဇာတ် ကောင်နေရာမှ အံဝင်အောင် သရုပ်ဆောင်နိုင်ပါတယ်။ သူ့အတွက် အခက်အခဲသိပ်မရှိခဲ့ပါဘူး။ ဒါကြောင့် သူနဲ့ အတူတွဲပြီး သရုပ်ဆောင်ရတာ အဆင်ပြေပါတယ်” ဟု ကန်မင်ဟွတ်ခ်နှင့် ပတ်သက်ပြီး မှတ်ချတ်ပေးခဲ့သည်။

Hospital Ship ဇာတ်လမ်းတွဲ၌ ဘာကြောင့်သရုပ်ဆောင်ဖို့ လက်ခံခဲ့သလဲဆိုသော မေးခွန်းနှင့်ပက်သက်ပြီး သူမက “ ဆေးရုံဆိုတာ လူနာတွေကိုယ်တိုင် လာရောက်ရတဲ့နေရာမျိုးပါ။ ဒါပေမယ့် Hospital Ship ကတော့ အဲ့လိုမျိုးမဟုတ်ပါဘူး။ ဆေးရုံအဖြစ် တည်ဆောက်ထားတဲ့ သင်္ဘောကြီးဟာ ဝေဒနာခံစားနေရတဲ့ လူနာတွေကို လိုက်လံရှာဖွေပြီး ကုသပေးနေတာပါ။ ဒီဇာတ်လမ်းတွဲမှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ပါဝင်တယ်လို့ ကျမ ခံစားရပါတယ်။ ဒါကြောင့်ပဲ သရုပ်ဆောင်ဖို့ သဘောတူခဲ့တာပါ” ဟု ဖြေကြားခဲ့သည်။

Hospital Ship ဇာတ်လမ်းတွဲကို လာမည့်သြဂုတ်လ ၃၀ရက်နေ့မှစတင်ပြီး ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags